အပိုင်း - ၁၁

488 15 0
                                    

Unicode

“နောင်”
       “အပိုင်း-၁၁”

ဒီနေ့ဟာ ရွာ၏ ရိုးရာဓလေ့ ကျင်းပသည့် ပွဲတော်ဖြစ်သည်။ ရွာသူရွာသားများ အားလုံး သူကြီး၏ ကျယ်ဝန်းလှသည့် အိမ်ခြံဝန်းကြီးထဲ၌ မီးဖိုကြီးများ ဖိုကြကာ ဟင်းလျှာများ ချက်ပြုတ်ရန် ပြင်ဆင်နေသည်။

ပတ်ပတ်လည်တွင် အပင်ကြီးများစွာ ရှိနေသည်ကြောင့် အရိပ်အာဝသကို ပြည့်ပြည့်ဝဝ ရစေသည်။ သူကြီးနှင့် သူကြီးကတော်တို့ကတော့ ဝယ်လိုရာပစ္စည်းများ၏ ကုန်ကျစရိတ်ကို ပေးလို့နေသည်။

ထို‌နေရာတွင် ကိုဓနမောင်သည် သိပ်ကို အာဏာပါဝါများလွန်းသည်။ အရာရာသူဘဲ ဦးစီးပြီး လုပ်နေတာကြောင့်ပင်။ ရွာငယ်လေးဆိုသည့် အတိုင်းပင် ရွာသူရွာသားများ နည်းသည့်အလျှောက် တတ်ညီလက်ညီ လုပ်ကိုင်ကြသည်။

လုံပျိုမေလေးများသည် ထဘီကို ခြေမျက်စိလေး အုပ်အောင်ဝတ်ထားကာ ရင်ဖုန်များကိုလည်း သပ်သပ်ရက်ရက် ဝတ်ဆင်ထားသည်။ ဆံနွယ်များသည်လည်း ဆံထုံးထားသူက ထုံးထားသေးသည်။

ယောက်ျားသား၏ အားကောင်မောင်သန်ဖြင့် ထင်းခွဲ လေလန်သည့်အရာများကို ထမ်းကြသည်။ သူဟေ့ ငါဟေ့ဆိုပြီး အပြိုင်အဆိုင် လုပ်နေကြသည်မှာလည်း ကြည်နူးစရာပင်။

မီးဖိုပေါ်၌ ထမင်းအိုး‌တင်ထားကာ မီဖို၌ထည့်ထားသည့် မီးများ မငြိမ်းစေရန် မိန်းမလှလေးတစ်ဦးက ထိုင်ပြီး ယပ်ခပ်နေ၏။ လူတိုင်း အလုပ်ကိုယ်စီနဲ့ လုပ်နေကြသော်လည်း ကိုထက်နောင်ကတော့ ဘေးတစ်ဖက်၌ ရပ်နေရ‌သည်။

အဆိုပါရပ်နေရသည်မှာ ကိုဓနမောင်ကြောင့်ပေ။ အတိမ်းအစောင်းတောင် မခံသည့် ကိုဓနမောင်တစ်ယောက်နှင့် သူခက်ရချည်ရဲ့။

သူတစ်ယောက်ထဲ ဘာအလုပ်မှ အလုပ်ဘဲ ရပ်နေရသည်မှာ သိပ်ကို မျက်နှာပူဖို့ကောင်သည်။ မလှန်းမကမ်းနေရာတွင် ကြက်သွန်နီများ အခွန်ခွာ၊လှီးနေသည့် မိန်ခလေးတစ်ခု့ကို တွေ့သောကြောင့် ကိုထက်နောင် သွားရန်ပြန်လိုက်သည်။

“ ကိုထက်နောင် ”

သူ၏ လက်မောင်ကို ကြမ်းရှရှ လက်ဖဝါးတစ်စုံဖြင့် လှမ်းဆွဲကာ ဆိုလာသော ကိုဓနမောင်။

" နောင် " [ Complete]Where stories live. Discover now