အပိုင်း - ၆

814 21 2
                                    

“ နောင် ”
   အပိုင်း - ၆

Unicode

မြို့အုပ်ရုံး၌ရှိသည့် အရာရှိများအားလုံး အလျင်နေ့ကထက်ပိုလို့ပင် အလုပ်ရှုပ်နေကြသည် ။ အကြောင်းအရင်းမှာ ကိုးနှောင်းပင်ရွာလေးနှင့် အနီးမဝေး‌တွင်ရှိသည့် နောင်ချိုရွာငယ်လေးတွင် မိသားစု့တစ်စု့လုံးကို မသမာလူများ သတ်ဖြတ်သွားချင်းဖြစ်သည် ။

ထိုရွာလေးသည် အမြဲလိုလို ဓားမြတိုက်ခိုက်ခံနေရပြီး ။ လူအသေအပျောက်များစွာလည်းရှ်ိနေသည် ။ ရပ်ရွာအုပ်ချုပ်သည့် သူကြီးလည်းမရှိကာ ရွာသူရွာသားများကသာ ကိုယ့်ဟာကိုယ်သင်းသင်းပြန့်ပြန့်နေကြရသည် ။

အလျှင်နေ့တွေကနှင့်မတူဘဲ ဒီနေ့ဖြစ်သွားသည့် အမှု့ခင်းသည်အတော့်ကို သန္တရဝင်စရာကောင်းသည် ။ ထိုအကြောင်းအရာ အလျှင်ကဖြစ်ခဲ့သည့် အမှု့ခင်းတစ်ခု့နှင့်လည်း ချွတ်စွတ်တူနေသည် ။

ကိုထက်နောင်လည်း အတော်ကိုအာရုံနောက်နေပြီဖြစ်သည် ။ တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာသည့် ကိစ္စများကို ကိုထက်နောင်လိုက်လို့မမှီပေ ။ ရွာ‌ငယ်လေးများ ဖြစ်သည့်‌အလျှောက် စပါးနှင့်ကောက်ပဲသီးနှံများကတော့ ပိုလျှံအောင်ထွက်ကြသည် ။

×××

" ကိုဓနမောင် "

" ဗျာ "

ညောင်ပင်အိုကြီးနားတွင် နှစ်ယောက်သားထိုင်နေကာ ဝှေ့လည်လည်တိုက်နေသည့် လေညှင်းလေးများနှင့် တိမ်တိုက်တွေကြားထဲသို့ ဝင်မည့်အလျှောက်ဖြစ်နေသည့် နေမင်းကြီ၏အလင်းအရှိုန်အဝါတို့သည် မှိန်မှိန်လေးသာ ကျန်တော့သည် ။

" ကျုပ်တို့နှစ်ယောက်က ‌ယောက်ျားတွေလေဗျာ ။ အချင်းချင်းကြိုက်ရင် လူတွေပြောစရာတွေဖြစ်ကုန်မှာပေါ့ "

ကိုထက်နောင်၏အပြောကို ကိုဓနမောင် ခပ်ထေ့ထေ့ရယ်သည် ။

" ဘာဖြစ်လို့လည်းဗျာ တကယ်ချစ်ရင် ဘယ်ဟာဘဲဖြစ်ဖြစ် ကျောခိုင်းနိုင်မှာဘဲ "

ကိုဓနမောင်သည် ဘေး၌ရှိသည့် ကိုထက်နောင်၏ ‌နု့နှယ်သည့်လက်ဖဝါးလေးတစ်ဖက်ကို ကောက်ယူလိုက်ကာ သူ၏ရင်ဘက်ပေါ်သို့ ဆွဲယူကာဖိကပ်လိုက်သည် ။

" နောင် " [ Complete]Where stories live. Discover now