Unicode
“ နောင် ”
“ ဇာတ်သိမ်းပိုင်း ”မောင်အလုပ်ကိစ္စနဲ့ ဒီကနေ့ဘဲ မြို့ပေါ်သို့ တစ်ယောက်ထဲ ခရီးနှင်သွားသည်။ မောင်မသွားခင်မှာ သူမောင့်ကို တွယ်ကပ်မိပါသည်။ ရက်တော်တော်ကြာ ခွဲခွာရမည်လေ။ သူမောင်နှင့် မခွဲခွာနိုင်ပါ။
တစ်ရက်ထက် တစ်ရက် ပိုပိုပြီး ကြင်နာမှု့နဲ့ ဂရုဏာသက်မှု့တွေက မိုးမံလာခြင်းကြောင့်ဘဲ သူထင်မိပါသည်။ အခု့တော့ မောင့်ကို သူကလွမ်းနေရတဲ့ အခိုက်ပေါ့။
ပြတင်းပေါ်နားမှာ ထိုင်ပြီး တန်းပေါ်သို့ ကော်ဖီခွက်လေး တစ်ခွက်တင်ထားတာ အတွေးများနှင့် လွမ်းဆွေးနေသူမှာ ကိုထက်နောင်ပင်။ မလှန်းမကမ်း နေရာတွေ နေရာယူ ရှိနေသည့် ရေဒီယို စက်ငယ်လေးမှ သတင်းများ အဆက်မပြတ်ထွက်နေကာမှု ကိုထက်နောင်ကတော့ သတိထားမည့်ပုံမပေါ်။
မောင်မသွားမှီ သူ့ကို သတိထားရမည့်အချက်များ ကိုယ့်ကို,ကိုယ် ဂရု့တစ်စိုက်နေဖို့ရယ်ကို အဆက်မပြတ် မှာကြားသွားသည်။
မောင်သည်လည်း သူ့ကို မခွဲနိုင်ဘူးဆိုတာ သူအသိဆုံးပါ။ မောင်မျက်နှာမကောင်းပါ။ ထွက်သွားသည့် အချိန်တုန်းကပေါ့။ မောင့်မျက်နှာလေး တစ်ချက် ပျက်ရွင်းသွားရင်တောင် ကျုပ်လိုလူက နေမထိထိုင်မထိဖြစ်နေတာပါ။
မောင့်ရဲ့ မျက်နှာပြင်ပေါ်မှာ မဖိတ်ခေါ်ဘဲ ရောက်ရောက်လာတတ်တဲ့ အပြုံးတွေကို သူသိပ်ဆွဲလမ်းမိသည်။ အစကနဦး အင်းမောင်နဲ့ပတ်သက်သည့် အရာရာတိုင်း။ မောင်ရယ်လိုက်လို့ရှိရင် ပေါ်ပေါ်လာတတ်တဲ့ သွားဖြူဖြူညီညီအတန်းလေးတွေ အညိုရောင် သန်းနေသည့် နှုတ်ခမ်းသားကြီးတွေက သူကို အရမ်းဆွဲဆောင်မှု့ ရှိစေတယ်လေ။
အခု့တော့ သူနေ,နေသည့် အိမ်ပိုင်ရှင်မောင်သည် သူ့ကို စိတ်ချယုံကြည်စွာဖြင့် တစ်ယောက်ထဲ ထားပြီး ခရီးနှင်သွားပြီလေ။
မောင်နဲ့ နေတာများလာလို့လားတော့ မသိပင်မဲ့ မောင်ရဲ့ အသုံးအဆောင်ပစ္စည်းတွေကအစ ကိုယ်ပါကြိုက်နှစ်သက်လာတယ်လေ။
ပျဉ်ထောင်အိမ်လေးတစ်လုံးက အလျင်ကလို အရမ်းချစ်တတ်ကြသည့် လူနှစ်ဦးမှာ တစ်ဦးသာလျှင်ရှိတော့သည်။
YOU ARE READING
" နောင် " [ Complete]
Aksiဓနမောင် ♡ ထက်နောင် " မောင့်အသဲပန်းလေးက သိပ်လှတာဘဲဗျာ။ကျုပ်ဖြင့် လူဖြစ်ရကျိုးနပ်ခဲ့ပြီ " " ... "