Unicode
ကိုထက်နောင် ရွာဦးကျောင်းကို အာရုံစွမ်းကပ်ပြီး ရွာအလမ်းအတိုင်း ပြန်လျှောက်လာခဲ့သည်။ အလျင်တိုင်းပင် ကိုထက်နောင်က ဘာရယ်ဆိုသည်မှ မပြောင်းလဲသွား။ ပြောင်းလဲသွားသည်မှာ သူ၏နှလုံးသားငယ်လေးပင်။
မြို့အုပ်မင်း၏ ရာထူးလည်း ကုန်ဆုံးသွားပြီဖြစ်ကာ ဒီရွာ၌ အေးဆေးစွာ နေရာချ အနားယူနေထိုင်လိုက်တော့သည်။ ကိုဓနမောင်နှင့် ချစ်သူတွေဖြစ်နေသည်ကိုလည်း သူ၏ မိဘနှစ်ပါးကို ဖွင့်ဟပြောဆိုခဲ့သည်။
ဘေး၌ ခိုက်ခိုက်မွှေးအောင် ပွင့်နေသည့် ပိတောက်ပင်ကြီးများမှ ပိတောက်ပန်းလေးများ၏ အမွှေးနံသမှာ သိပ်ကိုပင် မွှေးပျံ့လွန်းလှပါသည်။ အဝါရောင်ရဲရဲတောက်သော ပုံဆင်းသဏ္ဍန်လေးဖြင့် သူ၏အနံ့အသက်ကလည်း ပြောစမလိုအောင်ပင် မွှေးကြိုင်ပါသည်။
ဒီနေ့က ပိတောက်ပန်းတွေ ပွေ့တဲ့နေ့ဆိုတော့ ပိတောက်ပန်းကို အလျင်ဆုံးရသူမှာ သူဘဲဖြစ်ချင်ပါသည်။ ကိုဓနမောင်ကိုယ်တိုင် အပင်ပေါ်တတ်ပြီး ခူးပေးတဲ့ ပိတောက်ပန်းကိုပေါ့။ အောက်၌ ပျံ့ကျဲကာ ကြွေကျနေတဲ့ ပိတောက်ပန်းတွေကိုတော့ သူသိပ်နှမျောမိတယ်လေ။
ဒီလောက်လှပသည့် ပိတောက် ဝါဝါလေးတွေက မြေနီလမ်းပေါ်မှာ ပျံ့ကျဲနေပြီး လူတွေရဲ့ နင်းချေမှု့ကို ခံနေရသည်။ ရင်နာစရာ ကောင်းမတတ်ပင်။
အညိုဖြော့ရောင် အကျ••လက်တိုလေးနှင့် ပုဆိုး အညိုကွက်လေးတို့ကို လိုက်ဖက်အောင် ဝတ်ဆင်ထားပြီး ဆံနွယ်များကိုလည်း သေချာ ဖြီးရီးထားသည်။
ဆံနွယ်များမှု ယောက်ျားလေးတစ်ယောက် ထားသည့် အရှည်ထက် ပိုလို့ပင် ရှည်နေသည်။ အကြောင်းကား ကိုဓနမောင်က ဆံပင်အရှည်ဆို သိပ်သဘောကျသည်လို့ပါပင်။
မကြာပါဘူး။ ခက်ဝေးဝေး၌ ပုဆိုးနှင့် အကျ••ကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး လက်ထဲ၌လည်း ပိတောက်ပန်းတစ်ခတ်ကို ကိုင်ထားလေသည်။
သူ၏ဂတုံး ဆံပင်များမှု ရှည်ထွက်လို့လာပြီ။ကိုထက်နောင် ခပ်သုတ်သုတ်လေးဖြင့် မောင့်ထံ လျှောက်သွားလိုက်သည်။
YOU ARE READING
" နောင် " [ Complete]
Actionဓနမောင် ♡ ထက်နောင် " မောင့်အသဲပန်းလေးက သိပ်လှတာဘဲဗျာ။ကျုပ်ဖြင့် လူဖြစ်ရကျိုးနပ်ခဲ့ပြီ " " ... "