အပိုင်း - ၄

1.1K 25 5
                                    

" နောင် "
အပိုင်း - ၄

Unicode

ဟသ်ာရွှေမြို့တော်သည် အလွန်စည်ကားသည် ။ ပွဲဈေးများသို့ လာလည်ကြသော လူများ ၊ လမ်းဘေးပစ္စည်းများ ချရောင်းနေသော အရုပ်သည်များနှင့် မုန့်ဆိုင်တို့မှာလည်း အလီလီပင်။

အုပ်အော်သောင်းကျင်းနေသော ပွဲဈေးတော်တွင် သူခိုး ၊ ဓားမြတွေလည်း ရှိကောင်းရှိနေနိုင်သည် ။ လူပေါင်းစုံ‌လာရောက် လှည့်လည်ချင်းဖြစ်ကာ အနံအသန့်များမှာလည်း စုံလင်နေပြီ ။

ကိုဓနမောင်ကတော့ ထက်နောင်ဘေးမှယှဉ်လျှောက်ကာ တစ်ဖဝါးစာမျှ မဝေးကွာသွားပေ ။ အရပ်အမောင်းမြင့်မြင့်ရှိသည်ကြောင့် ထက်နောင်ထက်စာလျှင် ခေါင်းတစ်လုံးလောက် ပိုမြင့်သည် ။

မြို့တော်၏ အခြေအနေကို တစ်ချက်ဝှေ့ကြည့်လိုက်ကာ ကိုထက်နောင်အနည်းငယ်အကဲခတ်ကြည့်လိုက်သည် ။ လက်မှကိုင်ထားသည့် မှတ်စု့စာအုပ်လေးထဲတွင် ဝယ်ရမည့်ပစ္စည်းများကိုရေးကာ ဆိုင်တစ်ဆိုင်ထဲသို့ဝင်သွားတော့၏ ။

ကိုဓနမောင်ကတော့ ဆိုင်နှင့်မလှန်းမကမ်းနေရာတွင် ရပ်စောင့်နေကာ ကိုထက်နောင်ဝင်သွားသည့် ဆိုင်နေရာကိုလည်း အကြည့်ထက်ချက်မခွာပေ ။

ဆေးဆိုင်သို့ဝင်သွားသည့် ကိုထက်နောင်ကို အနောက်မှခပ်ရေရေလေးသာမြင်လိုက်ရသည် ။ ခေတ္တအကြာတွင် ပစ္စည်းအထုပ်များဆွဲကာ ကိုဓနမောင်အနားသို့ ရောက်လာခဲ့သည် ။

" အဆင်ပြေရဲ့လား ကိုထက်နောင် "

" အွန်း.. ပြေပါတယ် "

" ပြေမှပေါ့ဗျား ။ ကျုပ်တစ်ယောက်လုံးပါတာကို "

ကိုဓနမောင်၏ နောက်ရွှတ်ရွှတ်ပြောသည်ကို ကိုထက်နောင် တစ်စက်လေးမှမကြိုက် ။ ဘယ်တတ်နိုင်ပါ့မလဲ အားကိုစရာဆိုလို့ ထိုသူတစ်ယောက်ပင် ။ မြို့အုပ်မင်းလုပ်လာသည့် သက်တမ်းတစ်လျှောက်လုံး ဒီလိုလူမျိုးမတွေ့ဖူးပါ ။

" ကိုထက်နောင် ဘာစားချင်လဲ ကျုပ်ဝယ်ကျွေးမယ်လေ "

ကြမ်းရှရှလက်ဖဝါးကြီးဖြင့် ကိုထက်နောင်၏လက်ဖမိုးလေးကိုစုပ်ကိုင်ကာ ပြောလာသောကြောင့် ကိုထက်နောင် အနည်းငယ်တော့ထိပ်လန့်သွားသည် ။ ဒါပင်မဲ့ ဒီလက်ဖဝါးတစ်စုံကဘဲသူ့ကို အနွေးပေးမည်မဟုတ်လား ။

" နောင် " [ Complete]Where stories live. Discover now