အပိုင်း - ၃

1.3K 30 6
                                    

“ နောင် ”
   အပိုင်း - ၃

မြေဖြူတစ်ချောင်းကို ကိုင်ကာ ကျောက်သင်ဘုန်းပေါ်တွင် အမှု့ကိစ္စများကို ရေးနေကာ ကျန်လက်တစ်ဖက်မှာလည်း စာရွက်တစ်ရွက်ကိုင်ထားသေးသည် ။ တစ်ညလုံးမအိပ်ရသေးကာ ခန္ဓာကိုယ်တစ်ခု့လုံး ညောင်းညာ ကိုက်ခဲနေပြီ ။

သဇင်ကတော့ မနက်အာရုံစွမ်းလောင်းပြီး ပြန်လာခဲ့သည် ။ ကိုကိုကြီး၏ အခန်းထဲသို့ ဝင်သွားလိုက်ကာ ကိုကိုကြီး၏ ပုံစံကိုကြည့်ပြီး မျက်နှာတစ်ချက် မဲ့သွားတော့သည်။

" ကိုကိုကြီး တစ်ညလုံးလည်းမအိပ်ဘူး ။ တော်.... "

" အမလေး သဇင်ရယ် တော်ပါတော့ ။ ကျွန်တော်မျိုးကို ခဏလောက် အနားပေးပါဦးလား "

သိမ်ငယ်သည့် ခါးကို လက်ထောင့်ကာ ကျန်တစ်ဖက်က ခေါင်းကုတ်ရင်း ပြောလာ၏ ။

" အဲ့ဒါဆိုလည်း ပြီးတာဘဲ ။ ပြီးရင်‌ အောက်ဆင်းလာပြီး စားရုံဘဲနော် "

ခပ်သွက်သွက်လေး တံခါးဝသို့ ပြေးထွက်သွားသည့် သဇင်မှာ မလွယ်စိန်လေပင် ။ အငယ်ဖြစ်သူမို့ အကျောပေးထားပြီး အလိုလည်း လိုက်တာကြောင့် နည်းနည်းတော့ ဘောက်ဆက်ဆက် ။

မနေ့တုန်းက စာရွက်ပုံကြီးကို ဒီညတစ် တစ်ညလုံး ထိုင်ရှင်းတာတောင် တစ်ဝက်ခန့်ပင် ကျိုးသေး ။ အ‌မှု့ကိစ္စများမှာ တစ်ချို့အမှု့ကိစ္စတို့သည် သက်သေမရှိ အစအနပျောက်နေသည် ။

ဘယ်တတ်နိုင်ပါ့မလဲ မြို့အုပ်မင်း ရာထူးကိုယူပြီးပြီးဘဲ ဒီအလုပ်တွေကို မလုပ်ရင် ကိုယ်အသုံးမကျရာ ရောက်သွားမှာမည် ။

×××

ရေမိုးချိုးကာ ဆံနွယ်များကိုလည်း အုန်းဆီရွှဲရွှဲထည့်ပြီး သေချော ကော့အောင် ဖီးလိမ်းလာ၏ ။ အနီရောင် ပုဆိုးလေးနှင့် အကျ••လက်တို အဖြူလေးတို့ကို တွဲဖက်ဝတ်ဆင်ထားကာ ဖြူဖွေးဖျော့‌ဖြောင်းနေသည့် အသားအရည်လေးနှင့် ကောင်းစွာ လိုက်ဖက်နေသည် ။

ဦးတည်ကာ သွားနေသည့် နေရာမှာ သူကြီး အိမ်ကိုသာဖြစ်သည် ။

ကျယ်ဝင်းလှသည့် ခြံဝင်းထဲတွင် ခြေတံရှည် အိမ်တစ်လုံးနှင့် ပန်းပင်များစွာကိုလည်း စိုက်ထားသေးသည် ။ အိမ်၏ ဘေး၌တွင်လည်း ညောင်ပင်ကြီးတစ်ပင်ရှိကာ ထင်ရသလောက် နှစ်အတော်မြင့်လောက်ပြီ ။

" နောင် " [ Complete]Where stories live. Discover now