အပိုင်း - ၁၀

468 17 0
                                    

Unicode

“နောင်”
          “အပိုင်း-၁၀”

တစ်ပတ်ခန့်ကြာပြီးနောက်...

ဒီနေ့တော့ အိမ်၌ တစ်ယောက်ထဲ ပျင်းနေလေသည်။ သဇင်ခိုင်သည်လည်း မြို့ပေါ် ခဏပြန်တတ်သွားတော့ အိမ်၌ သူတစ်ယောက်ထဲပင်။ ညဘက်ဆိုလျှင် တစ်ယောက်ထဲမို့လို့ ကိုဓနမောင်ကို သွားရသည်မှာလည်း အပြေးအလွှား။

‌အိမ်ရှေ့၌ထိုင်ကာ အလျင်ရက်တိုင်လိုပင်။ ကောိဖီတစ်ခွက်နှင့် သတင်းစာပေါ့။

“ ကိုထက်နောင် ”

ဒီအသံသည် သူအကြားအချင်ဆုံး အသံမဟုတ်မည်လား။ အသံပေးပြီးမှ ခြံထဲဝင်လာသည့် အကျင့်လေးတော့ သူသဘောကျမိပါသည်။ မောင်နှင့် ပတ်သတ်လာလျှင် သူအရာအားလုံး သဘောကျမိပါသည်။ တယ်ခက်ပါပြီဗျား။

“ ဒီနားလာထိုင် မောင် ”

ရက်တွေနှစ်တွေ ကြာလာသည်နှင့် အမျှ ကိုထက်နောင်၏ အခေါ်အဝေါ်လေးမှာလည်း ပြောင်းတတ်စပြု့လာပြီလေ။

ဘေး၌ရှိသည့် ဝါးဖြင့် ပြု့လုပ်ထားသည့် ကုလားထိုင်လေးကို လက်ဖြင်ပုတ်ပြကာ လာထိုင်ခိုင်သည်။

မောင်သူ့အနားလာသည်နှင့် ရသည့် ရနံ့လေးကတော့ သူအတွက် သဘောကျ နှစ်ရှိုက်စရာလေးပင်။ ရွေး‌နံ့လေးနှင့် ကိုယ်သင်းရနံ့လေးတို့ ပေါင်းစက်ကာ ထွက်လာသည့် ရနံ့ကို သူသိပ်စွဲလမ်းသည်။ မောင့်ကို တစ်နေ့ထက် တနေ့ ပိုမြတ်နိုးလာသည်။

မြို့အုပ်မင်း တစ်ယောက်နဲ့ စိတ်နှလုံးသားက မာကျောပင်မဲ့ မောင်နှင့် တွေ့လျှင် သူ၏နှလုံးသားကို အပူပေးလိုက်သလိုပင် ပျော်ကျသွားမတတ်ပင်။

“ ဘာကိစ္စတုန်း ”

“ ဘာကိစ္စမှမဟုတ်ပါဘူး ဒီတိုင်း သက်သက်ကိုလာခဲ့တာ.. ”

စပ်ဖြီးဖြီးမျက်နှာထားဖြင့် ပြောလာသည့် ကိုဓနမောင်ကြောင့် ကိုထက်နောင် ကြောင်အစွာဖြင့်။

“ ပိုးမသေးဘူး ဘာတွေကြံစည်နေတာလည်း ”

“ ကိုထက်နောင်က မောင့်ကိုဆို ဆူနေတာဘဲ ”

မျက်နှာလေးရှုပ်ကာ အလိုမကျဟန်ဖြင့် ပြောလာသည်။

“ မောင်ရေသောက်ချင်တယ် အဲ့ဒါဘယ်နားမှာလဲ ”

" နောင် " [ Complete]Where stories live. Discover now