အပိုင်း - ၅

783 19 4
                                    

" နောင် "
အပိုင်း - ၅

Unicode

မနေ့ကတစ်နေကုန်လုံး ရုံ၌အလုပ်များကို အားစိုက်လုပ်ထားချင်းကြောင့် ကိုထက်နောင်အနည်ငယ်တော့ နွမ်းနေပြီ ။ ဖရိုမရဲဖြစ်သော သူ၏ အိပ်ယာအခင်များကို သပ်သပ်ရပ်ရပ်ခေါက်လိုက်ကာ အိမ်အောက်သို့ဆင်းလာခဲ့သည် ။

အိမ်အပေါက်ဝနားသို့ ခဏရပ်လိုက်၍ သဘာဝအလျှောက်တိုက်ခက်နေသည့် လေကောင်လေးသန့်များကို တစ်ချက်ရှုးသွင်းလိုက်သည် ။

အိမ်နှင့်မလှန်းကမ်းတွင်ရှိသည့် ညောင်ပင်အိုကြီး၏ သစ်ရွက်များအချင်းချင်းပွတ်တိုက်နေသော အသံများကိုလည်းကြားနေ၏ ။

ဒိုးဒိုးဒေါင်ဒေါင်နှင့် နွားများ၏ ခြူသံများလည်း တသဲ့သဲ့ ။ မြေနီလမ်းလေးဖြစ်ကာ ဖုန်မှုတ်များမှာတော့ အလိပ်လိပ်ပင် ။

" ကိုကိုကြီး ရေ.. "

တံခါးပေါက်ဝတောင်မရောက်သေး လမ်းပင်ရှိနေသေးကာ အသံပြဲပြဲဖြင့်လှမ်းခေါ်နေသည် ။

ကော့ပတ်,ကော့ပတ်နှင့် ကိုထက်နောင်အနားသို့ လျှောက်လာခဲ့ရာ မျက်နှာကတော့မကောင်းပေ ။

" ကဲ ပြောပါ မိသဇင် "

" သူကြီး အဖျားကြီး နေလို့မကောင်းတာ ကြာပြီတဲ့ ။ သဇင်တောင်အခု့မှသိတာ "

" အယ်တော် ငါတို့လည်းမကြားရပါလား ။ နောက်ပြီးသွားကြည့်ဦးမှ "

‌‌ရေမိုးချိုး မနက်စာစားကာ သူကြီးကတော်အိမ်ဦး‌ဘက်သို့ နှင်လာရပါတော့သည် ။

×××

အိမ်အပေါ်သို့ ‌ဖြေးဖြေးသာသာလေးတတ်သွားကာ အိမ်ဦးခန်းတွင် တိုင်ကိုမှီကာ ထိုင်နေသည့် သူကြီးကိုမြင်လိုက်ရသည် ။ ခြောင်းတစ်ဟွတ်ဟွတ် ဆိုးနေကာ မျက်တွင်းများလည်းညိုမဲနေ၏ ။

ဘေးနားတွင် ရပ်ရွာအတွင်း၌ရှိ့သည့်လူများ ထိုင်နေကြကာ တစ်ယောက်နှစ်တစ်ယောက် သူကြီး၏ရောဂါအကြောင်းကို ပြောနေကြသည် ။

သူကြီး၏အနားသို့ဝင်ထိုင်လိုက်ကာ ပျဉ်ပြားပေါ်၌ချထားသည့် လက်တစ်ဖက်ကို အသာလေးလှန်းလိုက်သည် ။

" နောင် " [ Complete]Where stories live. Discover now