အပိုင်း _ ၉

522 16 0
                                    

Unicode

“နောင်”
      အပိုင်း-၉

မဂ်လာဆောင်အတွင်း၌ သတို့သားနှင့် သတို့သမီး နှစ်ဦး ဝံကြွားစွာ ရပ်နေသည်။ တစ်ယောက်လက် တစ်ယောက်ချိတ်ကာ မျက်နှာများတွင်လည်း အပြုံးမပျက်စွာပင်။ ဆံထုံးအထက်၌ ပံရံထားသည့် စပယ်ပန်းအနံသင်းသင်းလေးမှာ ဧည့်သည်များကို ဧည့်ခံရတွင် အနံ့လေးများ ဝေဆာလို့ပင်။

အလတ်ပိုင်း လက်လုပ်သားများ ဖြစ်သည့်အလျှောက် ဖြစ်သလိုမဟုတ်ပင်မဲ့ သပ်ရပ်စွာ ပြင်ဆင်ထားသည်။ လူတန်းစားမခွဲခြားဘဲ ဒန်းတူညီမျှ လုပ်ထားသောကြောင့် မဂ်လာဆောင်မဏ္ဍပ်လေး‌တွင် လူများစွာ ချိတ်ချိတ်သည်း။

ဘောက်နှစ်ကိုထောင်ကာ သီးချင်းများလည်း ခပ်ကျယ်ကျယ်ဖွင့်ထား‌သည်။

“ ကိုဓနမောင်တို့ ထိုင်ပါဗျာ ထိုင်ပါ ”

ခပ်အောအောအသံဖြင့် ပြောဆိုလာသူ မောင်ကိုငယ်ဖြစ်သည်။ အသက်လေးက ငယ်သေးသည်မို့ သွက်သွက်လတ်လတ်လေးပင်။ မောင်ကိုငယ်သည် ကိုဓနမောင်ကို အလွန်ပင်ခင်တွယ်ပါသည်။ ငယ်ငယ်လေးကတည်း သူ၏လက်ထဲတွင် ကြီးပြင်းခဲ့သောကြောင်ပင်။

သူတို့နှစ်ဦး စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်ကြတော့သည်။ အလိုသင့် ရောက်ရှိလာသည့် အုန်းနို့ခေါက်ဆွဲနှစ်ပွဲကြောင့် ကိုထက်‌နောင် အနည်းငယ် ရယ်မိသွားသည်။

ဒီလိုနှင့် သူတို့နှစ်ဦး ခပ်သုတ်သုတ်‌လေးစားလိုက် ကြသည်။ အကြောင်အရင်းမှာ နေရာမလောက်လို့ပင်။ အနောက်မှာ စားဖို့လာသူများလည်း ရှိတာကြောင့်ပင်။

×××

“ ဒီနေရာကို ကိုထက်နောင် သဘောကျလား ”

မေး‌လေးမော့ကာ ကိုထက်နောင် မေးလာသည်။

“ အွန်း ကျုပ်သဘောကျတယ်။ တောင်တွေနဲ့ နီးရပ်ဝန်းတွေဆို ကျုပ်က သိပ်သဘောကျတာဗျ။ ဒီလိုနေရတွေမှာ နေရတာ ကျုပ်အတွက် အပူအပင်ကင်းမဲ့လွန်းတယ် ”

ရှည်လျှားလှသည့် ကိုထက်နောင်၏ စကားကြောင့် ကိုဓနမောင် သဘောတကျဖြင့် တောင်တန်းများဆီသို့ ငေးကြည့်လျှက်။

" နောင် " [ Complete]Where stories live. Discover now