"ချာတိတ်ကိုအဖြေပေးဖို့လာခဲ့တာ...ချစ်တယ် ချာတိတ်"
Taehyung စကားကြောင့် Jungkook မှင်သက်ကာကြောင်ကြည့်နေမိသည်။ Jungkook ရဲ့တုံ့ပြန်ချက်ဟာ Taehyung တွေးထားတာနဲ့တော်တော်ကွာနေတာဖြစ်သည်။ သူထင်ထားတာကဒီကောင်လေးပျော်ပြီးခုန်ပေါက်နေမယ်ပေါ့။ အခုအခြေအနေနဲ့ခုန်တော့မပေါက်နိုင်ပေမယ့်သိသိသာသာကြီးပျော်နေမယ်ပေါ့။ အခုတော့အရှေ့ကကောင်လေးကရုပ်ထုပမာ။
"ချာတိတ်...ဘာဖြစ်လို့လဲဟင် ဖွင့်ပြောထားတာကိုပြန်မရုပ်သိမ်းလိုက်ဘူးမလား"
မျက်နှာလေးငယ်ကာ Taehyung မေးသည့်အခါကျမှ Jungkook ကသူ့ပါးကိုယ်သူဆွဲစိတ်လာသည်။
"အာ့..နာသားပဲ ဟိ"
"ဘာလုပ်တာတုံးချာတိတ်ရာ..ပါးမှာနီသွားပြီ"
ဆွဲစိတ်ရာလေးထင်ကာနီသွားသည့်နေရာကို Taehyung ကအသာကိုင်ကာပြောတော့ Jungkook ကပြုံးပြလာသည်။
"အိမ်မက်မက်နေတာထင်လို့..ဟိဟိ..အဲ့တာဆို...ကျွန်တော်တို့ကအခုရည်းစားတွေပေါ့နော်"
အခုမှ Taehyung မျှော်လင့်ထားသည့်တုံ့ပြန်မှုမျိူးကိုကောင်လေးကပေးလာသည်။
"အွန်း...ဒါပေါ့ မင်းကကိုယ့်အပိုင် ကိုယ်ကမင်းအပိုင်"
"ဟိုလေ မသိလို့မေးကြည့်တာနော် ရည်းစားဖြစ်ရင်ဘာတွေလုပ်ကြတာလဲဟင်"
တကယ်မသိသလိုမေးလာသည့် Jungkook ကြောင့် Taehyung မျက်လုံးပြူးသွားလေသည်။
"တကယ်မသိတာလား ချာတိတ်..."
"တကယ်ပေါ့ဗျ ခင်ဗျားကကျွန်တော့်ရဲ့ပထမဆုံးရည်းစားပဲ ကျွန်တော့်ကိုအတွေ့အကြုံနုတယ်ဆိုပြီးအနိုင်ကျင့်တာတို့အထင်သေးတာတို့လုပ်ဖို့တော့လာမကြိုးစားနဲ့နော် နာသွားမယ်"
တိုးတိုးတိုးတိုးနဲ့ပြောနေရာကနေရုတ်တရက်ကြီးစိန်ခေါ်စကားပြောလာသော Jungkook ကိုကြည့်ကာ Taehyung အသည်းယားလှပြီဖြစ်သည်။
"မင်းကသာကိုယ့်ကိုအနိုင်ကျင့်တာပါချာတိတ်ရာ...ပြီးတော့ရည်းစားတွေဘာလုပ်လည်းဆိုတာကိုဒီလိုနေရာမှာပြောလို့မကောင်းဘူး လူကြားတယ် တိုးတိုးတိတ်တိတ်မှပြောရတာ"

YOU ARE READING
아름다운 영혼(𝙱𝚎𝚊𝚞𝚝𝚒𝚏𝚞𝚕 𝚂𝚘𝚞𝚕)
FanfictionYou're the most beautiful flower in my garden 𓂃܀❀ .*゚ {Both Unicode and Zawgyi}