"ချာတိတ်..."
"အွန်း.."
"မင်းအကြောင်းပြောပြပါ့လား..."
လေတိုးဝှေ့တာကြောင့်ကြွေကျလာသောသစ်ရွက်ဝါရင့်ရင့်တစ်ရွက်ကိုမျက်စိတစ်ဆုံးလိုက်ငေးရင်း Taehyung ပြောသည်။ ထိုအခါဘေးမှာထိုင်နေကာခေါင်းပေါ်ကအင်္ကျီကိုဖြည်နေသည့်Jungkook ရဲ့စောင်းကြည့်ခြင်းကိုခံလိုက်ရသည်။
"ကျွန်တော့်အကြောင်း....ကျွန်တော့်အကြောင်းကဘာမှထွေထွေထူးထူးမရှိပါဘူး ကျွန်တော်ကဦးလေးတို့မိသားစုနဲ့အတူတူနေတယ် လယ်လုပ်တယ် ဒါပဲပေါ့"
"မင်းမိဘတွေရော..."
Taehyung အမေးကြောင့် Jungkook ခေါင်းငုံ့လိုက်မိသည်။
"ကျွန်တော်ကျောင်းစတက်တဲ့အရွယ်မှာယာဉ်တိုက်မှုဖြစ်ပြီးဆုံးသွားကြတာ...."
ဝမ်းနည်းယောင်ပါနေသည့် Jungkook ရဲ့အသံခပ်တိုးတိုးလေးကြောင့် Taehyung မေးလိုက်မိသည့်အတွက်အားနာသွားသည်။
"ဪ....တောင်းပန်ပါတယ်...."
"ခင်ဗျားနဲ့မဆိုင်တာကိုတောင်းပန်စရာမလိုပါဘူး..."
"မင်းအတွက်ခက်ခဲခဲ့မှာပေါ့"
ဒီတစ်ခေါက်မေးခွန်းမှာတော့ Taehyung ကို Jungkook ကြည့်မိသည်။ သူ့ကိုမျက်နှာလွှဲထားကာအဝေးတစ်နေရာကိုငေးကြည့်နေသည့်လူကြီးရဲ့မျက်နှာအနေအထားဟာတည်ငြိမ်ကာအေးမြလွန်းလှသည်။ လေအဝှေ့တစ်ချက်မှာယိမ်းနွဲ့နေသည့်ဆံသားနုနုတွေဟာအနုပညာလက်ရာတစ်ခုလို။
"မင်းအတွက်ခက်ခဲခဲ့မှာပေါ့" တဲ့။ Jungkook ဘဝမှာပထမဆုံးကြားဖူးတဲ့စကားပင်ဖြစ်သည်။ ထိုစကားဟာရိုးရှင်းတယ်ထင်ရပေမယ့်သူ့အတွက်တော့ထူးဆန်းလွန်းသည်။ စိတ်ပူသည့်အရိပ်အယောင်ပါသလိုသူ့ဘက်ကဖြည့်တွေးပေးကာမေးသည့်ထိုလူကြီးဟာမုန်းစရာကောင်းအောင်ချစ်ဖို့ကောင်းသည်မလား။ ထိုအခိုက်အတန့်မှာ Jungkook သူ့ဘဝအတွက်ပထမဆုံးနဲ့နောက်ဆုံးဖြစ်လာမည့်ကိစ္စရပ်ကိုရှာဖွေတွေ့ရှိခဲ့သည်။ ဒီလူကြီးကိုသူချစ်မိနေပြီ...။ ရင်ဘတ်ထဲမှာဒိန်းခနဲဆိုကာအောင့်တက်သွားတာနဲ့တစ်ပြိုင်နက်မျက်ရည်တွေချက်ချင်းဝဲတက်လာသည်။

YOU ARE READING
아름다운 영혼(𝙱𝚎𝚊𝚞𝚝𝚒𝚏𝚞𝚕 𝚂𝚘𝚞𝚕)
FanfictionYou're the most beautiful flower in my garden 𓂃܀❀ .*゚ {Both Unicode and Zawgyi}