Chapter 3

896 83 0
                                    

Chapter (3) အသိပေးခြင်း

Xiao Ziqing ဟာ Xiao Yuan ရဲ့အကျင့်ကိုသေချာသိပါတယ် သူ(Xiao Yuan) ဟာ မနက်စောစောပိုင်းလေယာဥ်ကိုယူထားတာမို့သူမနက်စာစားရဦးမှာမဟုတ်သေးပါဘူး အဲ့တာကြောင့်အခုချိန်မှာသူ(Xiao Yuan) ဟာဗိုက်ဆာနေမှာအသေအချာပါပဲ

စာကြည့်ခန်းကိုရောက်တဲ့အခါမှာတော့အစေခံကတံခါးကိုဖွင့်ပေးခဲ့တယ် Xiao Ziqing ဟာစာအုပ်တစ်အုပ်ကိုယူလိုက်ပြီးထိုင်နေလိုက်တယ် Xiao Yuan ဟာနည်းနည်းလေးရှုပ်ထွေးနေပေမယ့်လည်းဘာမှမပြောပဲနဲ့ သူ့(Xiao Ziqing)ဘေးမှာတိတ်တိတ်လေးပဲထိုင်နေခဲ့တယ်

သူ(Xiao Yuan) အခုလေးတင် Xiao Ziqing
မနက်စာနှစ်ပွဲမှာလိုက်တာကိုကြားခဲ့ရတယ် xiao Ziqing ရဲ့ အမူအကျင့်တွေကိုကောင်းကောင်းသိနေတဲ့ Xiao Yuan အတွက်တော့အတော့်ကိုထူးဆန်းနေခဲ့ပါတယ်

Xiao Yuan အတွက်တော့ Xiao Ziqing ဟာ မနေ့ကလေးတင်ပဲသူ့(Xiao Yuan)အပေါ်ကိုစိတ်လွတ်ပြီးဒေါသတွေထိန်းမနိုင်ပဲဖြစ်နေခဲ့တယ် သာမာန်ညီငယ်လေးတစ်ယောက်ပဲဆိုပေမယိ့ Xiaon Ziqing အတွက်တော့ Xiao Yuan ဟာသုံးနှစ်လောက်မတွေ့ခဲ့ရတဲ့ သူ့ရဲ့ချစ်သူပဲဖြစ်ပါတယ်

Xiao Ziqing ဘာမှမပြောဘူးဆိုတာထက် သူဘာပြောကမှန်းမသိဖြစ်နေတာဆိုပိုမှန်ပါမယ် ကမ္ဘာပျက်ကပ်ကြီးထဲမှာသုံးနှစ်လောက်ကသူဟာရေအနည်းငယ်နဲ့အစားအစာအနည်းငယ်လောက်ရဖို့နေ့ရောညပါအလုပ်လုပ်ခဲ့ရတာမို့ အဲ့ဒီအတိတ်နေ့ရက်တွေကိုအခုအချိန်မှာမေ့လိုက်ဖို့ဆိုတာသူ့အတွက်တော့မလွယ်ကူပါဘူး

Xiaon Ziqing ဟာဘာမှမပြောခဲ့သလို Xiao Yuan ဟာလည်းစကားများတဲ့သူတစ်ယောက်မဟုတိတာမို့သူဟာ Xiao Ziqing နားမှာတိတ်ဆိတ်စွာပဲထိုင်နေရင်းနဲ့ သူ့စိတ်ထဲမှာထူးဆန်းပြီးရင်းထူးဆန်းနေခဲ့တယ် တစ်ချိန်ထဲမှာပဲ သူ့စိတ်ထဲမှာ Xiao Ziqing ဟာထူဆန်းနေသလို ချစ်စရာလည်းကောင်းနေခဲ့တယ်

အဲ့လိုမျိုးနှစ်ယောက်လုံးတိတ်ဆိတ်နေရာမှ xiao Ziqing ဟာသူမှမစတင်ရင်ဒီတိတ်ဆိတ်မှုကပြိုကွဲသွားမှာမဟုတ်ဘူးဆိုတာကိုသိနေခဲ့တယ်

"ကမ္ဘာကြီးအဆုံးသတ်ဆိုတာကြီးကိုမင်းယုံလား"

Xiao Ziqing ဒီလိုမေးလာလိမ့်မယ်လို့ Xiao Yuan လုံးဝမတွေးခဲ့မိပါဘူး အခုလို 2021 မှာလူတော်တော်များများကအဲ့လိုအကြောင်းတွေပြောနေကြပေမာ့်လည်းသူကတော့နားထောင်ဖို့တောင်ပျင်းနေခဲ့တာပါ အခုကျတော့ဘာလိုများသူကို့ဒီလိုလာမေးရတာလဲ

နေရာလွတ်နဲ့အတူပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now