Chapter 8

304 33 1
                                    

Chapter (8)ဈေးဝယ်ထွက်ရတာကပျော်စရာကောင်းတယ်

ဆိုင်ရှင်ကချက်ချင်းပဲဆိုင်ထဲမှာရှိသမျှသံဘူးနဲ့သိုလှောင်ထားတဲ့အစေ့တွေကိုထုတ်ပြလာခဲ့တယ် "အဲ့တာတွေအကုန်လုံးကဒီမှာပါကြည့်ကြည့်ကြပါ"

ဆိုင်ရှင်ယူလာသမျှသံဘူးတွေဟာ ဂေါ်ဖီထုပ် မုန်လာဥဖြူ ဆလတ်ရွက် လိုအပင်ငယ်လေးတွေရဲ့အစေ့တွေပဲရှိတယ်ဆိုတာရှောင်ဇီကျွင်းသတိထားမိခဲ့တယ် အဲ့တာလေးတွေကဝရံတာမှာစိုက်တဲ့သူတွေအတွက်သင့်တော်တာမျိုးလေးပင်

ရှောင်ဇီကျွင်းကြည့်ရင်းနဲ့သဘောကျလာလေသည် အဲ့တာတွေအကုန်လုံးကစိုက်လိုက်ရင်လက်ဆက်တဲ့အသီးအရွက်တွေဖြစ်လာမှာပင် သူမကြိုက်ပေမယ့်လည်းပေါ့

"ငါဒီသံဘူးနဲ့သိုလှောင်ထားတဲ့အစေ့တွေအကုန်လိုချင်တယ် ပြီးတော့ပန်းပင်တွေကိုလည်းတစ်မျိုးကိုနည်းနည်းစီနဲ့အကုန်ထည့်ပေး"

သူဌေးကအကုန်လုံးကိုလိုချင်တယ်လို့ပြောလာပေမယ့်လည်းသူ့ရဲ့ဆိုင်သေးသေးလေးမှာအပင်ဘယ်လောက်မှမရှိပေမယ့်အကုန်လုံးကိုထည့်လိုက်ရင်တောင်တစ်သောင်းကျော်လောက်ရှိမှာပင်

"သူဌေးလေးမင်းသေချာရဲ့လားငါဒီလိုမျိုးမပြောချင်ပေမယ့်လည်းဒီအပင်တွေရဲ့သက်တမ်းကအရမ်းအကြာကြီးမခံဘူးဒီသံဘူးနဲ့ငိုလှောင်ထားတဲ့အစေ့တွေဆိုရင်အလွန်ဆုံးငါးနှစ်ပဲအဲ့တာတောင်ကျေးလက်ဒေသမှာမို့လို့မဟုတ်ရင်အကုန်ပျက်စီးကုန်လိမ့်မယ်"

ဆိုင်ရှင်ကစိတ်ကောင်းရှိတဲ့သူတစ်ယောက်ပဲသူ့(ဆိုင်ရှင်)ရဲ့ပစ္စည်းတွေကိုရောင်းရမယ့်အစားသူ့(ရှောင်ဇီကျွင်း)ကိုသတိပေးဖို့ကြိုးစားခဲ့တယ်ဆိုင်ရှင်မှာမွန်မြတ်တဲ့နှလုံးသားရှိတယ်ဆိုတာသူသိလိုက်တယ်

ရှောင်ဇီကျွင်းကသိပ်အများကြီးမပြောတော့ပဲ"သေချာတာပေါ့ဒါပေမယ့်ကျွန်တော့်မှာစဉ်စားထားတာလေးရှိလို့ပါစိတ်မပူပါနဲ့ ခင်ဗျားဒယ်လီနဲ့ပို့ပေးလားကဒ်နဲ့ရောရှင်းလို့ရလကျွန်တော့မှာငွေသားကိုင်တတ်တဲ့အကျင့်မရှိလို့ပါ"

ရှောင်ဇီကျွင်းကဒီလိုပြောလာတော့ဆိုင်ရှင်ကဘာမှထပ်မပြောတော့ပေအိမ်ပေါက်ဝရှေ့ထိရောက်လာတဲ့ငွေထုပ်ကိုလက်မခံရအောင်အရူးမှမဟုတ်တာ

နေရာလွတ်နဲ့အတူပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now