Chapter 7

253 29 1
                                    

Chapter (7) အပင်မျိုးစေ့ဆိုင်

ရှောင်ဇီကျွင်းကရှောင်ယွမ်ကိုမေးလိုက်တယ် "ရှောင်ယွမ် ကမ္ဘာပျက်ကပ်ကြီးပြီးသွားတဲ့အထိမင်းငါ့ဘေးမှာရှိနေပေးမယ်မလား "

ရှောင်ယွမ်ကရုတ်တရက်အံ့ဩသွားပေမယ့်လည်ူချက်ချင်းပဲပြုံးလိုက်ပြီး "ဒါပေါ့ ငါကမင်းဘေးမှာအမြဲရှိနေပေးမှာ"

ရှောင်ဇီကျွင်းနှုတ်ခမ်းကအပေါ်သို့ကော့တက်လာပြီး "ဒါပေါ့မင်းငါ့ရဲ့ဘေးမှာပဲရှိနေရမှာ"

အခုအချိန်မှာသူ့ရဲ့စိတ်ထဲမှာခံစားနေရတဲ့ခံစာူချက်ကိုရှောင်ဇီကျွင်းသေချာမပြောပြတတ်ပါဘူးဒါပေမယ့်လည်ူအဲ့ဒီခံစားချက်ကရှောင်ယွမ်ကြောင့်ဆိုတာတော့သေချာပါတယ်ဘာလို့ဆို အရင်ဘဝကလိုမဟုတ်ပဲ သူပြန်မွေးဖွားလာပြီးတဲ့အချိန်မှာတော့ရှောင်ယွမ်ကသူ့ရဲ့ဘေးမှာအမြဲတမ်းရှိနေပေးတော့မှာလေ

"ငါအခုအပြင်သွားပြီးပစ္စည်းတစ်ချို့သွားတယ်မလို့မင်းလိုက်မလား" ရှောင်ဇီကျွင်းဟာအခုအချိန်မှာရှောင်ယွမ်နဲ့အတူအချိန်တစ်ချို့ကုန်ဆုံးချင်နေတာမို့တစ်ကယ်လို့များရှောင်ယွမ်သာမလိုက်ပဲအခန်းထဲမှာပဲအလုပ်ရှုပ်နေဦးမှာဆိုသူလည်းအခန်းထဲကနေဘယ်မှသွားမှာမဟုတ်ပါဘူး

ရှောင်ယွမ်ကခေါင်းငြိမ့်လိုက်ပါတယ် သေချာပေါက်ကိုသူနဲ့အတူတူအပြင်သွားဖို့ကိုလက်လွတ်ခဲမှာမဟုတ်ပါဘူးဘာလို့ဆိုဒီလူရဲ့ချောမောခက်ထန်လွန်းတဲ့မျက်နှာဟာတစ်ခြားသုတွေရဲ့အမြင်မှာနတ်ဆိုးဆန်နေလို့ပါ သူငယ်ငယ်ထဲကဒီလူရဲ့နောက်ကနေပြသနာတွေဘယ်လောက်များများဖြေရှင်းခဲ့ရသလဲဆိုတာကိုဘုရားပဲသိပါလိမ့်မယ်

ရှောင်ဇီကျွင်းသက်တော်စောင့်တွေမခေါ်ပဲရှောင်ယွမ်နဲ့နှစ်ယောက်ထဲသွားဖို့ဆုံးဖြတ်လိုက်တယ်အရင်ဘဝထဲကသူအကြိုက်ဆုံးဖြစ်တဲ့ပြိုင်ကားကိုထိလိုက်ပြီးတော့သူ့နှုတ်ခမ်းတွေပြုံးသွားခဲ့တယ် ပြီး‌တော့သော့ကိုရှောင်ယွမ်ကိုပြစ်ပေးလိုက်တယ်

"မင်းမောင်းလိုက်"

ရှောင်ယွမ်အံ့ဩသွားခဲ့တယ်ပုံမှန်ဆိုရင်ရှောင်ဇီကျွင်းကသူ့ရဲ့ပြိုင်ကားကိုသူက်ိုယ်တိုင်ပဲမောင်းတာပါပြီးတော့ရှောင်ဇီကျွင်းကကမ္ဘာပျက်ကပ်ထဲမှာသုံးနှစ်လောက်ဒီကားကိုမထိခဲ့ရဘူးလေ

နေရာလွတ်နဲ့အတူပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now