အခန်း (၁၀)
ရှောင်ဇီကျွင်းကအရှေ့မြောက်ဘက်မှာရှိတဲ့ကျောက်မီးသွေးအနီးနားကခရိုင်ငယ်တစ်ခုကိုရွေးချယ်ခဲ့သည် လူနေနည်းပေမယ့်သူမှတ်မိသလောက်ကတော့ မြို့တော်ပြီးရင် ဒုတိယမြောက်အလုံခြုံဆုံးကမ္ဘာ့အဆင့်မှီအခြေစိုက်စခန်းတစ်ခုဖြစ်လာမှာပင်
အရှေ့မြောက်ပိုင်းဒေသကဆန်စပါးအထွက်များတာမို့ လူနေနည်းပြီးစပါးသိုလှောင်ထားတဲ့ဂိုထောင်တွေရှိသည် လူနည်းတာမို့ဂိုထောင်ကသိပ်မများပေ ရှောင်ဇီကျွင်းကိုယ်တိုင်လည်းခြံကွက်နဲ့ဂိုထောင်နည်းနည်းဝယ်ထားခဲ့သည်
အရာအားလုံးကစီစဉ်တက်ဖြစ်လာပြီမို့ရှောင်ဇီကျွင်းကရှောင်မိုနဲ့နောက်ဆုံအကြိမ်တွေ့ဖို့စဉ်းစားခဲ့တယ် အရင်ဘဝတုန်းကရှောငိဇီကျွင်းကသူ့ကိုအမြဲစိတ်ဆိုးခဲ့ပေမယ့် အခုအချိန်မှာတော့သူ့ရဲ့မိထွေးကလည်းသူ့ရဲ့ဒေါသကိုနှိုးဆွပြီးစိတ်ဆိုးအောင်မလုပ်သေးသလိုရှောင်မိုကလည်းသူ့(မိထွေး)ဘက်မှာနေပြီးသူ့ကိုဝမ်းနည်းအောငိမလုပ်သေးပါဘူး အဲ့တာကြောင့်မို့သူဟာမိထွေးနဲ့သူမရဲ့သမီးကိုမုန်းတီးပေမယ့်လည်းရှောင်မိုကိုတော့နောက်ဆုံးအကြိမ်တွေ့ချင်ခဲ့ပါသည်
ရက်ပေါင်း(၂၀)ကျော်လောက်ပစ္စည်းတွေစုဆောင်းနေခဲ့ပြီးချိန်မှာတော့ကမ္ဘာပျက်ကပ်ကြီးစတင်ဖို့ (၇) ရက်ပဲလိုတော့တာမို့ရှောင်ဇီကျွင်းကရှောင်မိုသွားတွေ့ပြီးတာနဲ့ဆက်ပြီးပစ္စည်းတွေစြဆောင်းပြီးကမ္ဘာပျက်ကပ်မစတင်ခင်(၁) ရက်အလိုကျရင်အရှေ့မြောက်ဘက်ကိုထွက်သွားတော့မှာဖြစ်ပြီးပြန်လာဖို့စိတ်ကူးလည်းမရှိပေ
ရှောင်ဇီကျွင်းအိမ်ကိုရောက်လာတဲ့အခါမှာသူ့ရဲ့မိထွေးဟာရန်သူနဲ့ရင်ဆိုင်ရတဲ့အကြည့်မျိုးနဲ့ကြည့်နေခဲ့တယ် ရှောင်ယွဲ့ဟာဆယ်နှစ်သာရှိသေးသော်လည်းမိထွေးရဲ့လွှမ်းမိုးမှုအောက်မှာနေလာရတာမို့သူမလေးကလည်းရှောင်ဇီကျွင်းကိုမုန်းတီးလေသည် ရှောင်မိုဟာရှောင်ဇီကျွင်းရဲ့အားနည်းချက်ကဘာလဲဆိုတာကိုစဉ်းစားနေခဲ့လေသည် အားနည်းချက်တွေကမုန်းဖို့ကောင်းပေမယ့်လည်းသူဟာသူ့ရဲ့သားကိုတစ်စုံတစ်ယောက်ကနာကျင်အောင်လုပ်မှာကိုလွှတ်မထားနိုင်ပေ
![](https://img.wattpad.com/cover/362228952-288-k154334.jpg)
YOU ARE READING
နေရာလွတ်နဲ့အတူပြန်လည်မွေးဖွားလာခြင်း
RomanceAuthor : QI Shi Sun Quan Chapter : 166 Category : BL Doujin နေရာလွတ်နဲ့အတူပြန်မွေးဖွးလာတဲ့ Xiao Ziqing ဟာရွှေလက်ချောင်းကိုပါယူဆောင်လာခဲ့တယ် သူဟာအစားအစာ ရေနဲ့ တစ်ခြားလိုအပ်မယ့်အရာတွေကိုစတင်စုဆောင်းတော့တယ် အတိတ်ဘဝတုန်းကလိုသူအချစ်ရဆုံးသူကိုပြန်သတ်မိသလ...