Chapter 13

187 26 0
                                    

အခန်း ၁၃ အာကာသထဲသို့ ဝင်ရောက်ခြင်း

ရှောင်းယွမ်၏နှလုံးသားသည်ချွန်ထက်သောဓားများစွာနဲ့ဖြတ်မိသလိုမျိုးနာကျင်သွားခဲ့ပြီးအသက်ရှုကျပ်လာခဲ့သည်

ရှောင်းယွမ်ကစကားမပြောတာကိုမြင်တော့ ရှောင်းဇီကျွင်းကပြုံးပြီးပြောတယ် "မင်းယုံမှာမဟုတ်ဘူး"

ရှောင်းယွမ်က "မင်းကိုငါယုံတယ်"
ရှောင်းဇီကျွင်းကအံ့အားသင့်သွားတယ်

ရှောင်းယွမ်က "ငါယုံတယ်"

ရှောင်းဇီကျွင်းကသူ့ကိုဘယ်တော့မှလိမ်မှာမဟုတ်ဘူးဆိုတာ ရှောင်းယွမ်အတွက်ကလုံးဝသေချာတယ်

ရှောင်းယွမ်သည်စကားပြောတတ်သူမဟုတ်သော်လည်းသူပြောသောစကားသည် အမြဲတိုတိုနှင့်တိကျသည်

ရှောင်းဇီကျွင်းကသူ့ရဲ့နီမြန်းသောမျက်လုံးများကို ဖုံးကွယ်ဖို့တစ်ခြားတစ်ဖက်ကိုလှည့်ကြည့်လိုက်တယ်

"အရင်ကယုန်နည်းနည်းဝယ်ခဲ့တယ်အဲ့တာက‌ နေရာလွတ်ထဲကိုတကယ်ထည့်လို့ရတယ်လူတွေလည်းဝင်လို့ရတယ်အဲဒါကိုစမ်းကြည့်ချင်လား”

ရှောင်းဇီကျွင်းက ရှောင်းယွမ်အနားကို လျှောက်သွားလိုက်ပြီး "ငါလည်းမင်းကိုယုံတယ်"

ရှောင်းယွမ်ကလည်း ရှောင်းဇီကျွင်းကိုပြန်ကြည့်လိုက်တော့သူတို့မျက်လုံးတွေဆုံတွေ့လိုက်ကြပြီး နှစ်ယောက်စလုံးရဲ့မျက်လုံးထဲမှာနားမလည်နိုင်တဲ့ ခံစားချက်တချို့ကို တွေ့လိုက်ရတယ်

ရှောင်းယွမ်ကမျက်နှာနီရဲလာပြီး "ဒါဆိုငါမင်းရဲ့နေရာလွတ်ထဲကိုဝင်နိုင်မလား”

ရှောင်းဇီကျွင်းကအရာရာကိုသေချာအောင်လုပ်ထားချင်ခဲ့သည်ဘာဖြစ်လို့လဲဆိုတော့သူ့အရင်ဘဝတုန်းကလိုအကျပ်အတည်းတစ်ခုနဲ့ကြုံလာတဲ့အခါရှောင်းဇီကျွင်းကရှောင်းယွမ်ကိုပါသူနဲ့အတူ‌ နေရာလွတ်ထဲမှာဝင်ပုန်းခိုလို့ရမှာဖြစ်သည်

ရှောင်းဇီကျွင်းဟာသူ့အရင်ဘဝက တစ်ခုခုဖြစ်တဲ့အခါနေရာလွတ်ထဲမှာပုန်းအောင်းနေနိုင်တာကြောင့်ရှောင်းယွမ်ကိုအချိန်မှီမရှာလိုက်နိုင်တာကြောင့်သေဆုံးသွားရတယ်လို့ခံစားရတဲ့အတွက် ရှောင်းယွမ်နောက်ကိုလိုက်သွားခဲ့တယ်

နေရာလွတ်နဲ့အတူပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now