Chapter 12

207 26 1
                                    

အခန်း (၁၂)

ရှောင်းအိမ်မှပြန်လာပြီးနောက် ရှောင်းယွမ်သည် ရှောင်းဇီကျွင်းရဲ့စိတ်အခြေအနေအနည်းငယ်အဆင်မ‌ပြေနေဖြစ်ကြောင်းသိလိုက်သည်
ရှောင်းဇီကျွင်းက ကမ္ဘာပျက်ကပ်ဖြစ်ခါနီးတွင်အရှေ့မြောက်သို့သွားရန်ဆုံးဖြတ်လိုက်ပြီးပြန်မလာတော့မှာမို့ဒီလိုဖြစ်‌နေကြောင်းနားလည်တာမို့  "မင်းစိတ်အဆင်မပြေရင်မင်းခဏလောက်အဲ့မှာနေနိုင်တယ်" လို့ ရှောင်းယွမ်ကပြောလ်ိုက်တယ်

ရှောင်းဇီကျွင်းကခေါင်းခါလိုက်တယ်
အဖိုးကျုံးသည်လေထုကအနည်းငယ်ထူးဆန်းသည်ဟုခံစားလိုက်ရသဖြင့်မျက်လုံးများကိုမှိတ်ကာသက်ပြင်းတစ်ချက်ချလိုက်သည်။

သူတို့အိမ်ပြန်ရောက်တော့ ရှောင်းဇီကျွင်းကဝိုင်တစ်ပုလင်းယူလာပြီး ရှောင်းယွမ်ကိုသူ့အခန်းထဲခေါ်သွားခဲ့တယ်

သူတို့နှစ်ယောက်လုံးသည် အနောက်တိုင်းဝတ်စုံနဲ့ရှူးဖိနပ်များကို၀တ်ဆင်ထားဆဲဖြစ်ပြီး ရှောင်းဇီကျွင်းရဲ့မာနကြီး‌သောပုံစံနှင့် ရှောင်းယွမ်ရဲ့တိတ်တိတ်ဆိတ်ဆိတ်နေတတ်နဲ့ပုံစံကအတူယှဉ်တွဲရပ်နေတဲ့အချိန်မှာထူးထူးခြားခြားလိုက်ဖက်နေသလိုခံစားလာရသည်

"ကျွန်တော်နဲ့အတူတူလာသောက်ပါ"
အခန်းထဲကစားပွဲသေးသေးလေးတစ်လုံးပေါ်မှာဝိုင်ပုလင်းနဲ့ဖန်ခွက်ကိုချလိုက်ပြီး ရှောင်းဇီကျွင်းက ဆိုဖာပေါ်မှာ ပျင်းရိစွာ ထိုင်ချလိုက်ပြီး ဝိုင်ကိုဖန်ခွက်ထဲထည့်ကာ ရှောင်ယွမ်ဆီသို့မြှောက်ပေးလိုက်သည်

ရှောင်းယွမ်သည်ဝိုင်၏အတိုင်းအတာကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည် "မင်းသောက်ဖို့မသင့်တော်ဘူး"

ရှောင်းဇီကျွင်းကသူရဲ့လက်ကိုဝှေ့ယမ်းလိုက်ပြီး “ဒီတစ်ခါထဲပါပဲ” လို့ပြောပြီး ရှောင်းယွမ်ကိုလည်းသောက်ဖို့‌ပြောလိုက်တယ်

ရှောင်းယွမ်သည်ရှောင်းဇီကျွင်းရဲ့စိတ်အဆင်မပြေမှုနဲ့ယနေ့ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်ကိုတွေးပြီးအနည်းငယ် စိတ်မသက်မသာခံစားလိုက်ရပြီးတစ်ကြိမ်လောက်သောက်ရန်ဆုံးဖြတ်လိုက်သည်။

နေရာလွတ်နဲ့အတူပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now