Chapter 9

304 37 2
                                    

တစ်ရက်ပြီးတစ်ရက် ရှောင်ဇီကျွင်းနဲ့ရှောင်ယွမ်ဟာနေရာလွတ်ထဲကိုပစ္စည်းအမျိုးမျိုးစုဆောင်းခဲ့ကြတယ်ဒါပေမယ့်လည်းရှောင်ဇီကျွင်းရဲ့စိတ်ထဲမှာမလုံလောက်သေးဘူးလိူ့ပဲခံစားနေခဲ့ရဝာယ်

ကမ္ဘာပျက်ကပ်ကြီးစတင်လာပြီးသိပ်မကြာခင်မှာပင်ရေကအစဗိုင်းရပ်စ်ကူးနိုင်လာလိမ့်မယ်အဲ့အချိန်တုန်းကသိပ္ပံပညာရှင်တွေကလူမဟုတ်တဲ့တစ်စုံတစ်ခုကနေပြန့်ပွားလာတဲ့ဗိုင်းရပ်စ်လို့သတ်မှတ်ခဲ့ကြတယ်

သိပ္ပံပညာရှင်ဘယ်လိုပဲကြိုးစားကြိုးစားသူတို့ဟာဒါကိုကုသဖို့ဖို့နည်းလမ်းရှာမတွေ့ခဲ့ပါဘူးသူတို့လုပ်နိုင်ခဲ့တာကရေကိုသန့်စင်ပြီးထုတ်လုပ်ရုံပဲတတ်နိုင်ခဲ့ကြတယ်

အဲ့တာကြောင့်မို့ရှောင်ဇီကျွင်းကရေသန့်ကဒ်တွေတင်မကပဲပုံးအကြီးကြီးတွေဝယ်ပြီးရေသန့်တွေဖြည့်ထားခဲ့သည်

ရေသန့်တင်မကပဲအပင်မျိုးစေ့တွေအစာခြောက်တွေအသားတွေကိုလည်းဝယ်နိုင်သမျှဝယ်ထားခဲ့တယ်

ရှောင်ဇီကျွင်းကအရာရာကိုဂရုစိုက်နေခဲ့တယ် အရင်ဘဝတုန်းကကမ္ဘာပျက်ကပ်ကြီးထဲမှာသူဆာလောင်မှုကိုခံစားခဲ့ရတယ် အဲ့တာအပြင်ဆားနဲ့အချိုဓာတ်ပြတ်လပ်မှုတွေလည်းရှိခဲ့တာမို့သူဆားနဲ့သကြားလုံးအထုပ်တွေအများကြီးကိုလည်းစုဆောင်းထားခဲ့တယ် ပြီးတော့လိုအပ်နိုင်မယ့်ဆေးတွေကိုလည်းဝယ်နိုင်သလောက်ဝယ်ထားခဲ့တယ်

ရှောင်ဇီကျွင်းအရင်ဘဝတုန်းကအရသာမရှိတဲ့အစာစအစာတွေကိုပဲကြိတ်မှတ်မြိုချခဲ့ရတယ် ဒါပေမယ့်တစ်ကြိမ်မှာတော့သူလူတစ်ယာက်ကိုကယ်ခဲ့တာကြောင့်အဲ့ဒီလူရဲ့မိသားစုကသူ့ကိုဝက်သားခြောက်တွေပေးခဲ့တယ်အဲ့တာတွေကကမ္ဘာပျက်ကပ်စတင်ပြီးထဲကသူစားဖူးသမျှထဲအရသာအရှိဆုံးပါပဲ

အခုတော့ရှောင်ဇီကျွင်းဟာဝက်သားခြောက်ကိုလည်းအများကြီးစုဆောင်းခဲ့တယ် အဲ့ဒီအပြင်သစ်ချသီးတွေကိုလည်းစုဆောင်းခဲ့တယ်အဲ့တာတွေကိုတစ်ကြိမ်တည်းနဲ့တန်ချိန်သောင်းချီမှာခဲ့တာမို့ရှောင်ယွမ်ကိုအံ့ဩ‌သွားစေခဲ့သေးတာမို့ အဲ့တာတွေကကျန်းမာရေးအတွက်ဖြစ်ကြောင်းရှင်းပြခဲ့ရပါသေးတယ်

နေရာလွတ်နဲ့အတူပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now