Chapter 15

538 41 2
                                    

အခန်း 15 နောက်ဆုံးစျေးဝယ်ထွက်ခြင်း

ကွန်တိန်နာများနဲ့ပတ်သက်ပြီးရှောင်းယွမ်က "ကွန်တိန်နာတွေရဲ့အားနည်းချက်ကတော့ဆောင်းရာသီမှာအေးပြီးပူပြင်းတဲ့နွေရာသီမှာဆိုအရမ်းပူတယ်ပြီးတော့အသံလုံခြုံမှုမရှိသလောက်ပဲကံကောင်းစွာနဲ့ပဲဒီနေရာဟာနွေဦးလိုလှပတဲ့တောင်တွေနဲ့ ကြည်လင်တဲ့ရေတွေရှိတဲ့နေရာတစ်ခုမိူ့တစ်နှစ်ပတ်လုံးဘာသက်ရောက်မှုရှိမှာမဟုတ်ဘူး"

ရှောင်းဇီကျွင်းကခေါင်းညိတ်သဘောတူပြီး ရှက်ကိုးရှက်ကန်းဖြင့် "ငါအရင်ဆေးလိုက်မယ်"

ထို့နောက် ရှောင်းဇီကျွင်းကတစ်ဖက်လှည့်ပြီးဘေးဘက်ရှိအခန်းထဲသို့ဝင်သွားကာမကြာမီပင်ရေချိုးသံကြားလိုက်ရတယ်

ရှောင်းယွမ်ဟာ ရှောင်းဇီကျွင်းတစ်ကိုယ်လုံးရေတွေစိုနေပြီးဆံပင်ကနေတင်ဆင့်ညှပ်ရိုးထဲကိုရေတွေစီးကျလာပြီးခါးအထိစိမ့်ဝင်သွားတာကိုတွေးမိလိုက်တာကြောင့် ရှောင်းယွမ်ရဲ့ခန္ဓာကိုယ်အောက်ပိုင်းကတင်းကြပ်ကာမထိန်းနိုင်ဘဲရုန်းထလာတာမို့ခေါင်းကိုခါလိုက်ပြီးအတွေးတွေကိုဖယ်လိုက်ရတယ်

(*ထရန်စလေတာလေးမိမိအတွေး* role ခွဲမှားခဲ့ပြီလား တစ်ချိန်လုံရှောင်းဇီကျွင်းကိုအပေါ်ထပ်ပဲထင်လာခဲ့တာလေ ಥ⁠‿⁠ಥ)

မကြာခင်မှာပဲ ရှောင်းဇီကျွင်းကနှင်းဆီရနံ့နဲ့ ခေါင်းလျှော်ရည်ရေချိုးပြီးထွက်လာခဲ့တယ်

ရှောင်းဇီကျွင်းသည်နှင်းဆီများကိုချစ်တတ်သူဖြစ်ပြီး အိမ်သာသုံးပစ္စည်းများတွင်သာမကအလှဆင်ခြင်းတွင်လည်းနှင်းဆီများစွာလည်းပါရှိပြီးသူအကြိုက်ဆုံး ယိုမှာ နှင်းဆီယိုဖြစ်သည်

ရှောင်းယွမ်မတ်တပ်ထရပ်ကာလေထဲတွင်လွင့်ပျံနေသော နှင်းဆီရနံ့ကို ပြင်းပြင်းရှုရှိုက်ရင်းရေချိုးခန်းဆီသို့ လျှောက်သွားလိုက်သည်

အချိန်ကြာလာသည်နှင့်အမျှနှင်းဆီရနံ့သည် ရှောင်းဇီကျွင်းရဲ့သီးသန့်မွှေးရနံ့ဖြစ်လာပြီး ရှောင်းယွမ်သည် သူ့တစ်ကိုယ်လုံးကိုမကျေနပ်စေသော နှင်းဆီရနံ့ကို ချစ်မိသွားသလို ရှောင်းဇီကျွင်းကိုသူ့အနားတွင်အမြဲရှိနေစေချင်သည်

နေရာလွတ်နဲ့အတူပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now