Chapter 6

429 47 0
                                    

Chapter (6) Hamster Psychology

"ပိုက်ဆံဘယ်လောက်ကုန်ကုန်အဲ့တာတွေအကုန်လုံးကိုဝယ်လိုက်ပြီးရင်သူတို့အကုန်လုံးကိုထည့်ထားနိုင်ဖို့ဂိုထောင်တစ်ခုကိုဌားလိုက်မယ် သယ်ဖို့ကနေ မိုင်းတွင်းကလူတွေကအိမ်ထိပို့ပေးလိမ့်မယ်"

ရှောင်ဇီကျွင်းကခဏစဉ်းစားလိုက်တယ် "ကမ္ဘာပျက်ကပ်ကြီးရဲ့အစကဆောင်းရာသီရဲ့နောက်ဆုံးရက်တွေပဲအဲ့ဒီရက်တွေကအအေးဆုံပဲမို့ လက်အိတ်တွေနဲ့ခြေအိတ်တွေလည်းဝယ်ထားရမယ် သိုးမွှေးကုတ်တွေကတော့အလိုအပ်ဆုံးပဲ"

ရှောင်ဇီကျွင်းသူအရင်ဘဝမှာတုန်းကခံစားခဲ့ရတဲ့အအေးဒဏ်ကိုဘယ်တော့မှမေ့မှာမဟုတ်ပေ သူဟာ‌ပေါ့ပါးတဲ့အဝတ်ပဲဝတ်ထားပေမယ့်လည်းအစားအစာရှာဖို့ထွက်နေရတုန်းပင်သူ့ရဲ့ခြေချောင်းလေးတွေကိုတောင်မခံစားမိတော့တဲ့အထိပေါ့အဲ့ဒီအအေးဒဏ်ကိုခံစားခဲ့ရတဲ့အချိန်တွေဟာဘယ်တော့မှမမေ့နိုင်တဲ့အိမ်မက်ဆိုးလိုပါပဲ

ရှောင်ဇီကျွင်းကိုကြည့်ရတာအပူပေးပစ္စည်းတွေအပေါ်မှာပဲအဓိကထားနေသလိုဖြစ်‌နေတာမို့နည်းနည်းဇဝေဇဝါဖြစ်နေသော်လည်းရှောင်ယွမ်ကဘာမှမပြောခဲ့ပေ

"‌အစားအစာနဲ့ဆေးဝါးတွေအတွက်ကရော" ရှောင်ယွမ်ကသတိပေးလိုက်တယ်

ရှောင်ဇီကျွင်းကခုံပေါ်မှာထိုင်လျက်သားနဲ့ပဲ "အဲ့တာတွေအတွက်တွေးပြီးသားပါ ဆန်နဲ့ခေါက်ဆွဲတွေအတွက်ကတော့ငွေဘီလီယမ်နည်းနည်းနဲ့တက်လုံလုံလောက်လောက်ဝယ်လို့ရပါတယ် ငါ့မှတ်ညဏ်အရဆိုရင်ကမ္ဘာပျက်ကပ်အစပိုင်းမှာတစ်ချို့သောသိုလှောင်ရုံတွေကပစ္စည်းအပြည့်ဖြစ်နေဦးမှာပဲ အဲ့ဒီအချိန်မှာအဲ့တာတွေကိုလွတ်လွတ်လပ်လပ်ဝင်ယူလို့ရနိုင်တယ် ဒါပေမယ့်ရေသန့် ၊ဘီစကစ်၊စည်သွပ်ဘူးနဲ့အေးခဲထားတဲ့အစားအစာတွေကတော့တက်နိုင်သမျှများများသိုလှောင်ထားရမယ် အဲ့တာတွေက ကမ္ဘာပျက်ကပ်ဖြစ်ပြီးတာနဲ့ဆက်ပြီးထုတ်လုပ်နိုင်တော့မှာမဟုတ်ဘူး "

ရှောင်ဇီကျွင်းရဲ့ပုံစံဟာသူကြုံတွေ့ရခဲ့တဲ့အခြေအနေတွေကြောင့်ကမ္ဘာပျက်ကပ်နဲ့အကျွမ်းတဝင်ရှိနေတဲ့ပုံစံဖြစ်နေပေမယ့်လည်းရှောင်ယွမ်ကဘာမှမမေးခဲ့ပါဘူး ဘာလို့ဆိုရှောင်ဇီကျွင်းသာတစ်ခုခုကိုပြောချင်တယ်ဆိုပြောပြီးနေလောက်ပြီဆိုတာကိုရှောင်ယွမ်အတိအကျ‌သိ‌တာမို့

နေရာလွတ်နဲ့အတူပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now