Chapter 11

257 27 2
                                    

အခန်း (၁၁)

"နေကောင်းရဲ့လားဇီကျွင်း ဒါနဲ့မင်းရဲ့ shopping mall ကောအဆင်ပြေရဲ့လား" ရှောင်မိုကမေးလိုက်တယ်

ရှောင်ဇီကျွင်းက "အဆင်ပြေပါတယ် shopping mall အတွက် လိုအပ်တာတွေကိုတော့စုဆောင်းပြီးသွားပြီ နည်းနည်းလောက်လေ့လာပြီးလအနည်းငယ်လောက်ကြာရင်တော့ဖွင့်နိုင်မှာပါ ကြိုတင်မလေ့လာထားရင်နောက်ပိုင်းမီာတစ်ခုခုဆိုးဆိုးရွားရွားထိခိုက်လာမှာစိုးလို့ပါ"

ရှောင်မိုကရှောင်ဇီကျွင်းရဲ့စကားတွေက‌ကျိုးကြောင်းစီလျော််တယ်လို့ခံစားမိတာကြောင့်ခေါင်းညိတ်လိုက်ပြီး "မင်းကဒီကိစ္စကိုအရမ်းကျယ်ကျယ်ပြန့်ပြန့်လုပ်နေတာပဲကုမ္ပဏီကိုဝင်လာဖို့လည်းတွေးထားဦးနောင်တစ်ချိန်မင်းပဲအမွေဆက်ခံရမှာလေ"

ရှောင်မိုကရှောင်ဇီကျွင်းကိုငွေအမြောက်အများထောက်ပံ့ခဲ့ကြောင်းလိမေယုသိလိုက်ရတုန်းကသူမစိတ်မသက်မသာခံစားခဲ့ရတယ် အခုစကားကိုကြားလိုက်ချိန်မှာသူမပိုတောင်စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့တယ်

Xiao Mo က က "ဒါနဲ့ ဇီကျွင်း‌သားဒီတစ်ခေါက် ပြန်လာတာတစ်ခုခုစားချင်တာရှိလားအဖေ့ကိုပြော အဖေမီးဖိုချောင်ကလူတွေကိုပြင်ခိုင်းလိုက်မယ် "

ရှောင်ဇီကျွင်းကခဏလောက်စဉ်းစားပြီး " စီချွမ် အစားအစာမစားရတာကြာပြီ စီချွမ်အစားအစာက စပ်ပြီးအတော်စားလို့ကောင်းတယ်"

ဇီကျွင်းရဲ့ စကားကိုကြားတော့ ရှောင်ယွမ်က "မင်းမှာအစာအိမ်ရှိတယ်လေအရမ်းစပ်တာတွေစားလို့မရဘူးကန်တုံအစားအစာ ပေါ့ပေါ့ပါးပါးပဲစားရအောင်"

ရှောင်ယွမ်ကဒီလိုပြောတာကိုကြား‌တော့ရှောင်မိုက ရှောင်ဇီကျွင်းမှာကသူ့အမေရဲ့အမွေကိုဆက်ခံပြီးငယ်ငယ်လေးကတည်းကအရမ်းနုနယ်တဲ့ခန္ဓာကိုယ်ရှိခဲ့တာကိုသတိရလိုက်တယ်‌ ရှောင်ယွမ်သာမပြောရင်ရှောင်မို မေ့သွားမှာပင်

ရှောင်မိုကယခုအချိန်မှာ ရှောင်ယွမ်ကိုမြင်လိုက်ရတဲ့အခါသူ့ကိုမွေးစားပြီးလေ့ကျင့်ပေးခဲ့တာကအလွန်မှန်ကန်သောဆုံးဖြတ်ချက်တစ်ခုလို့တွေးမိခဲ့ပါတယ်
ထမင်းစားတဲ့အခါ ရှောင်မိသားစုရဲ့ထမင်းစားစားပွဲမှာထမင်းစားရင်ဘာအသံမှကြားရမည်မဟုတ်ပေ
ရှောင်ဇီကျွင်းသည်သူပြန်ထွက်မသွား‌သေးပဲသူထိုင်နေသည့်နေရာတွင်ထိုင်နေဆဲဖြစ်ပြီး ရှောင်မိုက ရှောင်ဇီကျွင်းကိုသူနှင့်ပိုနီးကပ်စေရန် တမင်တကာ တောင်းဆိုခဲ့သည်။

နေရာလွတ်နဲ့အတူပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now