Chapter 14

610 53 2
                                    

အခန်း ၁၄ ကွန်တိန်နာများ

ရှောင်းဇီကျွင်းသည်ဒီနေ့ရှောင်းယွမ်စကားတွေ အများကြီးပြောနေမှန်းရုတ်တရက်သတိထားမိသည်ရှောင်းယွမ်သည်ပုံမှန်ဆို‌အေးစက်သောမျက်နှာဖြင့်စကားကိုလိုအပ်သည်ထက်ပ်ိုမပြောတတ်‌ပေ ယခုစကားတွေပြောနေသည်ကိုသူသတိထားမိသော်လည်းထုတ်မပြောနိုင်ပေ။

"ကျွန်တော်က စိုက်ပျိုးရေးအကြောင်းဘာမှမသိဘူးဒါပေမယ့်ဒီတစ်ခါတော့ကူပြီးစိုက်ပျိုးပေးမယ်"

ရှောင်းယွမ်ကခဏလောက်စဉ်းစားပြီး “တစ်ခါက TV မှာ မြင်ဖူးတယ်ဆလတ်မျိုးစေ့ကိုအညီအမျှကြဲလိုက်ပြီးရင်အပေါ်ကနေနောက်ထပ်မြေလွှာဖြင့်ဖုံးအုပ်ပြီးရေလောင်းရင်ရပြီတခြားသီးနှံတွေအတွက်လည်းဒီနည်းအတိုင်းပဲတစ်ခြားထူးထူးခြားခြားမလိုအပ်ဘူးထင်တယ်"

ရှောင်းဇီကျွင်းကအစေ့အထုပ်ကိုဖွင့်ပြီး‌ရေခွက်ထဲကိုလောင်းချလိုက်ပြီးခွက်ကိုသူ့လက်ထဲတွင်ကိုင်ထားတာမို့ရှောင်းယွမ်ကရှောင်းဇီကျွင်းရဲ့လက်ထဲကခွက်ထဲကနေမျိုးစေ့တွေကိုယူလိုက်ပြီးသဘာဝအတိုင်းပဲမျိုးစေ့တွေကိုကြဲချတာကိုတော့ကိုယ့်လက်နဲ့ လုပ်ရမှာပဲ 

ရှောင်းဇီကျွင်းက "ကျွန်တော်လုပ်ပါ့မယ်”
ရှောင်းယွမ်ကခေါင်းယမ်းကာ “မလိုပါဘူးရေခွက်ကိုပဲကိုင်ထားပါငါလည်းသင်ယူဖို့လိုသေးတယ်ငါ့အတွက်တစ်သက်လုံးလုပ်ပေးနိုင်မှာမဟုတ်ဘူး " လို့ပြောပြီးအရာရာကိုကျေကျေနပ်နပ်ကြီးလုပ်‌နေခဲ့တယ်

ဒါပေမယ့်လည်းရှောင်းဇီကျွင်းကအလျှော့မပေးပဲ‌ မျိုးစေ့တွေထည့်ထားတဲ့ရေခွက်ကိုသူ့လက်ထဲထည့်သွားကာရေပုံးတစ်ပုံးနဲ့ကြိုးရှည်တစ်ချောင်းကိုယူလာကာ  "ရေလောင်းဖို့ကိုကျွန်တော်လုပ်လိုက်မယ်" ရှောင်းယွမ်ကပစ္စည်းတွေကိုသူ့လက်ထဲမှာကိုင်ထားပြီး ခေါင်းကိုခိုကိုးရာမဲ့ခါလိုက်တယ်

ရှောင်းဇီကျွင်းအရင်ဘဝတုန်းကသူ့မှာနေရာလွတ်နဲ့ရေတွင်းတစ်တွင်းရှိပေမယ့်ကြိုးနဲ့ရေပုံးမရှိလို့တစ်ကြိမ်ထက်မကရေငတ်ပြီးသေဆုံးလုနီးပါးဖြစ်ခဲ့ဖူးတယ်ယခုအခါတော့ ရှောင်းဇီကျွင်းသည် သစ်သားစည်များသာမကသံစည်များအပြင်ပလပ်စတစ်စည်များအထိစည်ပေါင်းထောင်ပေါင်းများစွာကိုသိုလှောင်ထားပြီးအများစုမှာအပြင်ဘက်မှ ရေများဖြင့်ပြည့်နေပြီးမြေအောက်ခန်းတွင်ထားရှိကာကျန်တာကိုအရေးပေါ် သိမ်းဆည်းထားသည်

နေရာလွတ်နဲ့အတူပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now