Part - 1 (Unicode)

296 8 0
                                    

ဒီနေ့သည် တိမ်ပြာပြာကောင်းကင်အောက်တွင် သာယာလှပသော wedding အခမ်းအနားတစ်ခု။သတိုးသားနှင့်ဖာသာသည် ဘေးချင်းယှဉ်ရပ်နေပြီး သတိုးသမီးအား ကော်ဇောနီ လျှောက်လမ်းမှ အဖေဖြစ်သူမှ ခေါ်ဆောင်လာသည်။နောက်မှ လိုက်ကာ အဖြူပေါ်တွင် ရွှေရောင်စကားလုံးဖြင့် ကိုကောင်းက္ခမောင် နှင့် ခိုင်သွေးသံသာ တို့၏ မင်္ဂလာဧည့်ခံပွဲဟူ၍ ရေးထားသည်။

နှစ်ဖက်သောမိဘများ နှင့် သတိုးသား၊သတိုးသမီးတို့၏ မျက်နှာတွေမှာ အပြုံးများဝေဆာနေသည်။

"သတိုးသားသည် သတိုးသမီးအား ကျန်းမာသည် ဖြစ်သေ နာမကျန်းသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ပေါင်းသင်းပါမည်လား"

"ပေါင်းသင်းပါမည်"

"သတိုးသမီးသည် သတိုးသားအား ကျန်းမာသည် ဖြစ်စေ နာမကျန်း‌သည် ဖြစ်စေ ဆင်းရဲသည် ဖြစ်စေ ချမ်းသာသည် ဖြစ်‌ေး ပေါင်းသင်းပါမည်လား"

"ပေါင်းသင်းပါမည်"

"သတိုးသား၊သတိုးသမီး တစ်ဦးကို တစ်ဦး လက်စွပ် ဝတ်ပေးနိုင်ပါပြီ"

"သတိုးသား၊သတိုးသမီး အကြင်နာပေးပါ"

"သတိုးသမီးပန်းစည်းပြစ်ပါ"

ထိုနေ့တွင် လူအားလုံးပျော်နေငြား မပျော်နိုင်သူတစ်ဦးရှိသည်။ဟန်ဆောင်ပြုံးတို့ဖြင့်သာ ပြုံးနေသော်လည်း နှလုံးသားတွေတော့ ငိုကြွေးနေပါသည်။မျက်လုံးအိမ်ထဲက မျက်ရည်တွေ ထိုကောင်လေး သတိမထားမိ။သတိုးသား နှင့် သတိုးသမီးကိုသာ မျက်လုံးအဝိုင်းသားတို့ဖြင့် ကြည့်နေသည်။တိုက်ဆိုင်စွာပင် ထိုပန်းစည်းသည် ထိုကောင်လေး၏ ရှေ့သို့ရောက်ရှိကာ ကောက်လိုက်သည်။

"ဝိုးးး ဗေဒါရတာသွားတာပဲ"

သွားစွယ်တွေပေါ်အောင် ရီပြသော်လည်း အသက်မပါ။ချစ်ခဲ့သည်က ပူလောင်ခဲ့သည်။အလုပ်ရှင် ဖြစ်တာကြောင့် ဖွင့်မပြောရဲကာ ငြိမ်နေရင်း ယခုအချိန် တစ်ပါးသူ ပိုင်ဆိုင်‌ရလေပြီ။"ကျွန်တော့် မေတ္တာမှန်ပါက မေတ္တာရောင်ပြန်ဟပ်စေသော်"ဟူသည့် ဒိုင်ယာရီစာအုပ်ထဲမှ စကားတစ်ခွန်းကို စိတ်ထဲမှာပင် အကြိမ်ကြိမ် အခါခါ ရေရွတ်နေမိသည်။

𝐔𝐧𝐜𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥𝐥𝐲 (ခြွင်းချက်မရှိစွာနှင့်)Where stories live. Discover now