မာန် မနက်မိုးလင်း အိပ်ယာနိုးချိန်၌ ဖုန်းကောက်ယူလိုက်ချိန်တွင် တွေ့လိုက်ရသော missed call များကြောင့် ပြာယာခက်သွားသည်။မိုးမီးလောင်ပြီ ဖြစ်သည်။ပြန်ရောက်ရင် အဆူခံရတော့မည်။ဝသုန့်အား နှိုး၍ hotel reception ၌ အခန်းပြန်အပ်ကာ မှတ်ပုံတင်ယူပြီး အိမ်သို့ပြေးရသည်။အိမ်သို့ရောက်သည်၌ ကြားလိုက်ရသော အော်သံ။
“မာန်မင်းမဟာမောင်!!!!”
“ဗျာ”
“လာခဲ့ ဒီကို”
“ဟုတ်”
ဧည့်ခန်းတွင် တွေ့လိုက်ရသော လူ ၄ ဦး။စိတ်ပူနေသည်အား မာန်တွေးမိပါသည်။ညတုန်းက အဖြစ်အပျက်၌လည်း မာန် တော်တော်လေး မူးနေသည်။ဖုန်းဆက်ဖို့တောင် မေ့သည်အထိပင်။ဖြိုးနှင့်ကောင်းသည်တော့ ပုံမှန်အတိုင်း မျက်နှာသေနှင့်ပင်။ထက်နှင့်ဗေဒါ၏ မျက်နှာတွင်တော့ ဒေါသရိပ်များ ဖြတ်သန်းနေသည်။
“ပြောပါဦး ကိုယ်တော်ချော ညကအကြောင်းလေး”
“ညက ဝသုန်ခေါ်တာနဲ့ ထိုင်နေကြ ဘီယာဆိုင် သွားပါတယ် နှစ်ယောက်လုံးစကားပြောရင်း သောက်တာ limit လွန်သွားလို့ပါ မူးနေတော့ ကားမောင်းဖို့လည်း အဆင်မပြေတာရယ် ဖုန်းဆက်ဖို့လည်း မေ့သွားလို့ပါ စိတ်ပူစရာဖြစ်သွားရင် တောင်းပန်ပါတယ်ဗျ နောက်မဖြစ်စေရပါဘူး”
“၂ ပတ် alcohol drink သောက်ခွင့်ပိတ်တယ် ခိုးသောက်ရင် ၁ လဖြစ်မယ် ကိုကောင်းရောပဲ”
“ဘာဆိုင်”
“ကိုကောင်းလည်း အစက သွားမှာမလား ကျွန်တော်ရှိနေလို့ မသွားတာလေ”
“သိနေတာလား”
“အင်း”
ဗေဒါ့၏ အပြောကြောင့် ကောင်း မျက်နှာ ရှုံ့မဲ့သွားသည်။ထက်က်နှင့် ဖြိုးသည်တော့ ပြုံးစိစိဖြင့်သာ ကြည့်နေသည်။မာန်သည်လည်း ရေသွားချိုးလိုက်သည်။ဧည့်ခန်းတွင်တော့ ၄ ယောက်သား ခေါင်းခြင်းဆိုင်နေသည်။မာန်သည် ၄၅ မိနစ်လောက်ကြာမှ ရေချိုးခန်းထဲက ထွက်လာပြီး အဝတ်အစားလဲကာ ထမင်းစားခန်းသို့ ဝင်မည်အလုပ် ဖြိုး၏ ခေါ်သံကြောင့် ဧည့်ခန်းထဲသွားလိုက်ရသည်။ဧည့်ခန်းတွင်တော့ ၄ ယောက်သား ခေါင်းခြင်းဆိုင်နေသည်။မာန်သည် ၄၅ မိနစ်လောက်ကြာမှ ရေချိုးခန်းထဲက ထွက်လာပြီး အဝတ်အစားလဲကာ ထမင်းစားခန်းသို့ ဝင်မည်အလုပ် ဖြိုး၏ ခေါ်သံကြောင့် ဧည့်ခန်းထဲသွားလိုက်ရသည်။
YOU ARE READING
𝐔𝐧𝐜𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥𝐥𝐲 (ခြွင်းချက်မရှိစွာနှင့်)
Romanceအိမ်ထောင်သည်လည်းဖြစ် အလုပ်ရှင်လည်းဖြစ်တဲ့လူကို ချစ်မိသွားတဲ့အခါ... ထိုဝတ္ထုသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်။ ထိခိုက်မှုများရှိခဲ့ပါက စာရေးသူနှင့်သာ သက်ဆိုင်ပါသည်။ Warning Scenes တွေ ပါကောင်းပါနိုင်တာမို့ ဖတ်သင့်မဖတ်သင့် ကိုယ့်ဘာသာပဲ စဉ်းစားပါ။