မနက် ၄ နာရီတွင် အခန်းပြန်အပ်ကာ ပြင်ဦးလွင်သို့ ခရီးဆက်ခဲ့ကြသည်။ပြင်ဦးလွင်ရောက်မှ မနက်စာစားပြီး ရောင် နှင့် မှိုင်းတို့၏ အိမ်သို့ သွားကြသည်။အိမ်ရှေ့တွင် ရောင်နီမြင့်မြတ် အသက် ၃၅ နှစ် မနက် ၁၂ နာရီတွင် သင်္ဂြိုလ်မည် ဟူ၍ ရေးထားသော ဆိုင်းဘုတ်အား မြင်လိုက်သည်။ဉာဏ် ထွက်ကြိုပြီး ကလေးတစ်ယောက်လည်း ချီထားသည်။ထိုကလေးသည် ရောင်မြင့်မြတ်၏ ကိုယ်ပွားလို့တောင် ပြောလို့ရအောင်ပင် တူလွန်းသည်။
“ဆရာဉာဏ် ဒီကလေးက..?”
“အဲ့တာ ရောင်ကိုယ်တိုင် အသက်နဲ့ရင်းပြီး မွေးခဲ့တဲ့ သားလေးလေ ရောင်က သားသားကို အရမ်းချစ်တာ”
“ဪ ကလေးလေးက ဆရာရောင်နဲ့တူတယ် ဆရာရောင်က ဘယ်လိုဖြစ်ပြီး ဆုံးတာလဲ သွေးကင်ဆာနဲ့ပဲလား”
“အင်း မင်းတူလေးကို ချီကြည့်ပါလား”
မာန် ဉာဏ်၏ ပုခုံးပေါ်တွင် အိပ်စက်နေသော ကလေးအား ပွေ့ချီပြီး ထိုင်နေလိုက်သည်။ရောင် သွေးကင်ဆာဖြစ်နေသည်ကို သိသော်လည်း ယခုလောက် လျင်မြန်မည်မှန်း မာန်မတွေးထားခဲ့ပါ။ကလေးကတော့ မာန့် လက်ပေါ်မှာ အိပ်စက်လျက်ပင်။ဉာဏ်က မာန်တို့နေဖို့ အခန်းတစ်ခန်းပြင်ပေးထားတာမို့ ကလေးပါ ခေါ်ပြီး မာန်အခန်းထဲသို့ ဝင်သွားသည်။ဉာဏ် အပြင်ဘက်မှာ ဧည့်သည်တွေ ဧည့်ခံပြီး အခန်းထဲလိုက်လာသည်။ကလေးအားကြည့်ပြီး ဉာဏ် ငိုပြန်သည်။ဘေးနားတွင်ရှိသည့် ဗေဒါက တစ်ချိန်က ဉာဏ်၏ ဂျူနီယာ ဖြစ်ခဲ့ဖူးသည်မို့ ရင်းနီးကြသည်။
“မငိုပါနဲ့ အစ်ကို ကျွန်တော်တို့ရှိပါတယ် လူတိုင်းက သူ့ကံနဲ့သူသွားကြရတာပါပဲ သေနှစ်စေ့လို့ သေတယ်ပဲယူဆပါ ဒီဘဝမှာ မြန်မြန်ခွဲခွာရပေမဲ့ နောက်ဘဝမှာ ပြန်စုံတွေ့နိုင်ပါသေးတယ်”
“အင်းပါ”
“ဝှါးးး ပါးပါး ဘာလို့ငိုနေတာလဲ ပြီးတော့ ဦးဦးကရော ဘယ်သူလဲ ဘာလို့သားကို ပွေ့ထားတာလဲ”
“သားလေး အဲ့တာ မာန်မင်းမဟာမောင်တဲ့ သားဖေဖေ နဲ့ ပါးပါးရဲ့ တပည့်လေ သားသားမွေးတုန်းက ဓာတ်ပုံထဲမှာ ချီထားတာ အဲ့ဦးဦးလေ”
YOU ARE READING
𝐔𝐧𝐜𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥𝐥𝐲 (ခြွင်းချက်မရှိစွာနှင့်)
Romanceအိမ်ထောင်သည်လည်းဖြစ် အလုပ်ရှင်လည်းဖြစ်တဲ့လူကို ချစ်မိသွားတဲ့အခါ... ထိုဝတ္ထုသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်။ ထိခိုက်မှုများရှိခဲ့ပါက စာရေးသူနှင့်သာ သက်ဆိုင်ပါသည်။ Warning Scenes တွေ ပါကောင်းပါနိုင်တာမို့ ဖတ်သင့်မဖတ်သင့် ကိုယ့်ဘာသာပဲ စဉ်းစားပါ။