Part - 8 (Zawgyi)

14 0 0
                                    

နောက်နေ့မနက် မာန် နိုးနိုးခြင်းပင် ကိုယ်လက်များကိုက်ခဲ၍ ခေါင်းမူးနေသည်။အပူချိန်ပူချိန်တိုင်းကြည့်မှ အဖျားရှိနေမှန်း သိသည်။ဆေးခန်းလည်း မသွားချင်၍ အလုပ်တစ်ရက်ထပ်နားမည် ပြောပြီး အိမ်မှာသာ ဆေးသောက်နေလိုက်သည်။နေ့လည်ထမင်းစားချိန်တွင် ထက် ရောက်လာပြီး မာန့်အား ဆန်ပြုတ်ဝယ်လာပေးသည်။ထိုအချိန်တွင် ဗေဒါ vc ခေါ်သည်။မာန် ဆန်ပြုတ်ထည့်နေသည်မို့ ထက် vc ပြောနှင့်နေသည်။

“ကိုထက် ကိုင်လိုက်ပါ”

“‌hi bro!နေကောင်းလား အဆင်ပြေလား”

“နေကောင်းတယ် ကိုကောင်းကို မေးကြည့်တော့ မာန်နေမကောင်းဘူးဆိုလို့”

“ဟုတ်တယ် ဟိုတစ်နေ့က မိုးရေမိလာတာ ဒီနေ့ဖျားတာ အဲ့တာ ဆန်ပြုတ်လာဝယ်ပို့တာ”

“မသက်သာရင် Family Doctor ခေါ်ပေးလိုက်နော် Site ထဲ ခေါ်မသွားနဲ့ဦး site မှာက လေစိမ်းတိုက်တယ် ပြီးတော့ ဆေးပုံမှန်သောက်ခိုင်းဦး အစားလည်းပုံမှန်စားခိုင်း”

“အေးပါ VC ချလိုက်တော့မယ် မာန့် မားသားကြီး ဖုန်းခေါ်နေလို့”

“အင်း ထက် အိမ်ခေါ်တယ်ဆိုရင် လိုက်သွား‌ပေးလိုက်ဦး”

“ငယ်ငယ်ရေ မင်းမားမား ဖုန်းဆက်တယ်”

“ဟုတ်လာပြီ ကိုထက် ခဏလေးနော်”

“အေးအေးအေး”

မာန် ဖုန်းကို ယူလိုက်ပြီး accept လုပ်လိုက်သည်။ထက်သည် အလိုက်တသိ ရှောင်ထွက်ပေးသည်။မားမား ဖုန်းသည်ဟု ဆိုလိုက်ကတည်းက မျက်နှာညိုးသွားသည့် မာန့်အား ဘာမှမဖြစ်ဘူးဟူ၍ ထက် ခေါင်းသာခါပြလိုက်သည်။

“မင်းအိမ်ပြန်လာဦးမှာလား မာန်မင်းမဟာမောင်”

“ပြန်မလာဘူး မားမား ကျွန်တော်နေမကောင်းဘူး”

“နေမကောင်းတာ ကောင်းတာ ခဏထား ညနေကြ အိမ်ကို ခဏလာခဲ့ မင်းအစ်ကို ခိုင်းစရာရှိလို့တဲ့”

“သူ့မှာရော ခြေတွေလက်တွေမပါဘူးလား သူ့ဘာသာလုပ်ပါလား နေရာတိုင်း ကျွန်တော်ပဲလား မားမား”

ပြောနေရင်း တန်းလန်း ဖုန်းချသွားသည်မို့ မာန် ဒေါသတို့နဲ့သာ ကျန်ခဲ့ရသည်။ဖုန်းကိုဘေး၌ ချပြီး နံရံကို ထိုးမည်အလုပ် ထက် အခန်းသို့ ဝင်လာပြီး လာတားသည်။မာန် ဘယ်လိုနည်းနဲ့မှ ဆက်၍ သည်းမခံနိုင်တော့ပေ။မာန်ဗေဒါပြည်ပထွက်မည့် ကိစ္စနှင့် အိမ်မပြန်ဖြစ်သည်မှာ ချောင်းသာက ပြန်လာပြီးကတည်းကပင် ဖြစ်သည်။

𝐔𝐧𝐜𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥𝐥𝐲 (ခြွင်းချက်မရှိစွာနှင့်)Where stories live. Discover now