Part - 5 (Unicode)

82 3 1
                                    

ေငွဆောင်မှ ပြန်ရောက်ပြီး မကြာခင်ရက်အတွင်းမှာ ဗေဒါ ပြည်ပထွက်ရန် နီးကပ်လာသည်။အလုပ်သည်လည်း တစ်နေ့တစ်ခြား ပို၍ ကျပ်လာသည်။ကောင်းအက္ခမောင်သည်လည်း စိတ်နှင့်လူနှင့် မကပ်၍ မာန့်အား အကုန်လွှဲထားရသည်။Site ထဲသို့ လိုက်သော်လည်း မလန်းသည့် မျက်နှာနှင့် တစ်ခုခုမေးလျှင် ဘာပြန်ဖြေရမှန်းမသိတော့သည့် ကောင်းအား မာန်အေးဆေးသာ နားခိုင်းသည်။ဗေဒါသွားမည်ဖြစ်သောကြောင့် ညီအစ်ကိုများ စုဝယ်ထားသည့် condo တွင် စုနေကြသည်။။

If all it is is eight letters
Why is it so hard to say?
If all it is is eight letters
Why am I in my own way?..

"Hello ငယ်ငယ် ဘာဖြစ်လို့လဲ"

"ဘာစားဦးမလဲ အခုမှ အလုပ်က ထွက်လာမလို့ ဝင်ဝယ်မလို့လေ အကြော်စံုစားမလား အကင်စားမလား"

"ငယ်ငယ် အဆင်ပြေတာကြည့်ဝယ်ခဲ့လေ အအေးကို Thai Milk Tea ဝယ်ခဲ့ပေး"

"အွန်းအွန်း ဒါမှမဟုတ် ပြင်ဆင်ထားကြပါလား လာခေါ်မယ်လေ"

"မေးကြည့်လိုက်ဦးမယ် ဟို ၃ ယောက်ကို"

"အင်းအင်း"

"အစ်ကိုတို့ရေ ဘာစားမလဲတဲ့ ဒါမှမဟုတ် အပြင်ထွက်စားကြမလားတဲ့"

"အပြင်ထွက်စားမယ်လေ"၃

"အဲ့ဆို ပြင်ဆင်ထားတဲ့ လာခေါ်မယ်တဲ့"

"လာခေါ်လိုက်လေ ငယ်ငယ် ပြင်ထားလိုက်မယ် ဖုန်းချလိုက်တော့မယ်နော်"

"အင်းအင်း"

၃ ယောက်ကိုပြောပြီးသည်နှင့် ဗေဒါသည်လည်း အခန်းထဲဝင်ကာ ပြင်ဆင်ထားလိုက်သည်။မာန်သည်လည်း ကားကို အေးဆေးမောင်းလာကာ ရောက်တော့မည် ဖြစ်ကြောင်းနှင့် အပြင်ထွက်စောင့်နေဖို့ ဗေဒါအား massage ပို့လိုက်သည်။ဘယ်ဆိုင်သွားရမည် မသိသောကြောင့် လူစုံမှပင် ‌တိုင်ပင်မည်ဟု တွေးလိုက်သည်။condo အရှေ့တွင် ပြင်ဆင်၍ စောင့်နေသော ၃ ယောက်အား ခေါ်လိုက်သည်။

"hotpot စားမလား ဘာစားမလဲ ဒါမှမဟုတ် သွားသောက်ကြမလား"

"သွားသောက်မယ် ဗေဒါ သောက်မှာလား"

"အင်း အစ်ကိုတို့သဘော"

"အဲ့တာဆို သွားသောက်မယ်"

𝐔𝐧𝐜𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥𝐥𝐲 (ခြွင်းချက်မရှိစွာနှင့်)Where stories live. Discover now