Dinner သို့အရောက်တွင် လာကြိုသည့်လူက ကောင်းအက္ခမောင်ပင်ဖြစ်သည်။ထိုညနေတွင် တစ်ခါတည်း ပြည်ပထွက်ရန် Form ကျလာပြီဖြစ်ကြောင်းပြောရတော့မည်။ဗေဒါပြည်ပ ထွက်သည်က ဗေဒါအတွက်ရော ကောင်းအတွက်ပါ အဆင်ပြေလိမ့်မည်။ဗေဒါ ကောင်းကိုမြင်နေရ သ၍ နာကျင်ရလိမ့်မည်။ဗေဒါအတွက် အချစ်သည် ငေးကြည့်ရုံသပ်သပ်သာ ရှိတော့မည် ဖြစ်သည်။မျက်မှန်၏ ဖန်သားပြင်အောက်က မျက်နှာ အမူအရာများကို ဗေဒါ မထိန်းနိုင်တော့ပါ။ကောင်းအက္ခမောင် ထွက်သွားရန် ပြင်နေချိန် လက်ကိုဖမ်းဆွဲလိုက်သည်။
"ကိုကောင်း ကျွန်တော် နဲ့ ခဏလိုက်ခဲ့ပေးပါ ကိုကောင်းတူလေးကိုပါ ခေါ်ခဲ့ပါ"
"အင်းအင်း ခေါ်လိုက်မယ်"
Ring Ring Ring...
Dinner တွင် ဆူညံနေသော အသံများ ကြားထဲမှ ဖုန်းသံကြောင့် မာန်မင်းမဟာမောင် ဖုန်းကိုင်လိုက်တော့ ကောင်းအက္ခမောင်ပင်ဖြစ်သည်။ခြံတစ်ဝန်းထဲတွင်တောင် ဖုန်းခေါ်သည်က အကြောင်းရှိလိမ့်မည်။အရေးကြီးပုံရသည်။
"hello အင်း လေးကောင်း"
"ငယ်ငယ် လေးလေး နဲ့ ဗေဒါ ခြံဝနားမှာရှိတယ် လာခဲ့ပါလား"
"လာခဲ့မယ် စောင့်နေ"
"အမ်းအမ်း"
မာန်မင်းမဟာမောင် ပြေးသွားတော့ နှစ်ယောက် အောက်ကျနေသည့် သစ်ပင်ကိုင်းပေါ်မှာ ထိုင်နေသည်။အပြေးသွားသည့်အချိန်တွင် အေးဆေးမို့ အနည်းငယ်သာ စိတ်အေးရသည်။ကောင်းအက္ခမောင်အား ဗေဒါ ချစ်နေသည်ကို သိသည်။
"လေးလေး ဘာဖြစ်လို့လဲ"
"over sea ထွက်တော့မယ်"
"ဗေဒါ နောက်နေတာ မလား နောက်နေတာလို့ပြောပေးပါ"
"အစ်ကို မနောက်ဘူး ငယ်ငယ် အစ်ကို Thailand သွားတော့မယ်"
မငိုမိစေရန် ထိန်းပြောနေသောကြောင့် အသံတွေပါ တုန်ယင်နေသည့် ဗေဒါရိပ်ညိုအား ကောင်းအက္ခမောင် ရင်ခွင်ထဲ ဆွဲထည့်ပြီး ဖက်ထားပေးလိုက်သည်။ကောင်းအက္ခမောင် စိတ်တွင်ဆိုလျှင် ဗလောင်ဆူနေသည်။ဗေဒါ့၏ ဘဝ အတက်လမ်းကြောင်းဖြစ်၍ ကောင်းအက္ခမောင် မတားလိုပေသော်လည်း စိတ်ထဲတွင်တော့ စိတ်မကောင်းဖြစ်မိသည်။အချိန်အကြာလက်တွဲလာခဲ့သည့် လူများမို့ ဝမ်းနည်းမိသည်ဆိုလျှင်လည်း မှန်ပေသည်။ကောင်းအက္ခမောင် မငိုမိစေရန်သာ ကြိုးပမ်းနေတာ ဖြစ်၍ အသက်ရှူသံ ခပ်ပြင်းပြင်းက ဗေဒါရိပ်ညို နှင့် ကောင်းအက္ခမောင် အကြား ရိုက်ခတ်နေသည်။ကောင်းသည် ဗေဒါ့အား ရင်ခွင်ထဲမှ ထုတ်၍ စကားတစ်ချို့ဆိုလာသည်။
YOU ARE READING
𝐔𝐧𝐜𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥𝐥𝐲 (ခြွင်းချက်မရှိစွာနှင့်)
Romanceအိမ်ထောင်သည်လည်းဖြစ် အလုပ်ရှင်လည်းဖြစ်တဲ့လူကို ချစ်မိသွားတဲ့အခါ... ထိုဝတ္ထုသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်။ ထိခိုက်မှုများရှိခဲ့ပါက စာရေးသူနှင့်သာ သက်ဆိုင်ပါသည်။ Warning Scenes တွေ ပါကောင်းပါနိုင်တာမို့ ဖတ်သင့်မဖတ်သင့် ကိုယ့်ဘာသာပဲ စဉ်းစားပါ။