မာန် နောက်နေ့မနက် နိုးလာသည်နှင့် ဧည့်ခန်းထဲတွင် တွေ့လိုက်ရသည့် လူသုံးဦးကြောင့် နည်းနည်းရီချင်မိသွားသည်။အချိန်အားဖြင့် မနက် ၇ နာရီခွဲ ရှိပြီဖြစ်သည်။ထို့ကြောင့် ထက်တို့အား နှိုး၍ မနက်စာ သွားစားခဲ့သည်။အိမ်သို့ပြန်လာပြီး ရေချိုးမည် အလုပ် ရှေ့နေ ရောက်လာသည်ဖြစ်၍ မာန် စကားထိုင်ပြောနေသည်။
"ဒါဆို မောင်ရင်က အဲ့ကောင်လေးကို လွှဲဖို့ သေချာသွားပြီလား"
"သေချာပါပြီ ၉ နာရီခွဲရင် ကျွန်တော်တို့ အဲ့အိမ်ကိုသွားမယ် အန်ကယ်ဇော် ကျွန်တော့်လက်မှတ်ထိုးထားလိုက်မယ်"
"ဟုတ်ပြီ မောင်ရင် အန်ကယ် ၉ နာရီခွဲရင် စံအိမ်ကို ရောက်အောင်လာခဲ့ပါမယ် အခုတော့ ခွင့်ပြုပါဦး"
"ဟုတ်ကဲ့ အန်ကယ်"
မာန် ရှေ့နေ ဦးဇော်ဦးနှင့် စကားပြောပြီး ရေချိုးခန်းထဲတွင် ရေချိုးရင်း ခေါင်းပါလျှော်လာသည်။အိမ်ကို သွားမည်ဖြစ်၍ အစစအရာရာအား အသေးစိတ်ဂရုစိုက်သွားသည်။ကိုထက်သည် အမည်းရောင်များ မဝတ်သွားရန် ပြောသောလည်း မာန် နားမထောင်ခဲ့။အကြိုက်ဆုံးအရောင်ဖြစ်သည့်အပြင် နာကျင်စရာများပြည့်နှက်နေသည့်အိမ်သို့ သွားရမည်ဖြစ်သောကြောင့် အမည်းဝတ်သွားခြင်းသာ ဖြစ်သည်။shirt အင်္ကျီအမည်းရောင်၊style pant အမည်းရောင်၊Leather shoe အမည်းရောင် နှင့် အမျိုးသားသည် အနီးအနားရှိ အမျိုးသမီးထုကြီးအား အချိန်ခဏအတွင်း ရိုက်ခတ်နိုင်ခဲ့သည်။BMW ကားအနက်ရောင်၏ driver seat တွင် ဝင်ထိုင်လိုက်ပြီး ကောင်းသည် ဘေးခုံ၌ ဝင်ထိုင်လာသည်။ထက် နှင့် ဖြိုးကတော့ ကား၏ နောက်ခန်းထဲတွင် ဝင်ထိုင်လာသည်။အိမ်သို့ မိနစ် ၂၀ ခန့်မောင်းသွားပြီး ထိုအိမ်သို့ရောက်တော့ပင် ၉ နာရီ ၃၀ မိနစ်ဖြစ်၍ ရှေ့နေ ဦးဇော်ဦးလည်း ရောက်နေပြီဖြစ်သည်။
"ထိုင်ပါ အန်ကယ်ဇော်"
"ဟုတ်ကဲ့"
"ဒါက စာချုပ်စာတမ်း နဲ့ လုပ်ငန်းလိုင်စင်တွေပါ မာန်မင်းကတော့ လက်မှတ်ထိုးပြီးပြီ ဒီမှာ တူလေးတို့ဘက်က လက်မှတ်ထိုးပေးပါ"
"အင်း"
"ဒါက ငွေ သိန်း ၅၀ ဒီလရဲ့ ပထမပတ် အချုပ်ပါ မနက်ဖြန်ကြရင် ကားတစ်စီးထွက်မယ် ပြင်ဆင်စရာရှိတာ ပြင်ဆင်ပေးလိုက်ပါ ပြီးတော့ Express ကား ၁၇ စီးထဲမှာ ကျွန်တော့်နာမည်ဖောက် ၃ စီးပါတယ် အဲ့ကားတွေကို ရပ်ထားလိုက် "
YOU ARE READING
𝐔𝐧𝐜𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥𝐥𝐲 (ခြွင်းချက်မရှိစွာနှင့်)
Romanceအိမ်ထောင်သည်လည်းဖြစ် အလုပ်ရှင်လည်းဖြစ်တဲ့လူကို ချစ်မိသွားတဲ့အခါ... ထိုဝတ္ထုသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်။ ထိခိုက်မှုများရှိခဲ့ပါက စာရေးသူနှင့်သာ သက်ဆိုင်ပါသည်။ Warning Scenes တွေ ပါကောင်းပါနိုင်တာမို့ ဖတ်သင့်မဖတ်သင့် ကိုယ့်ဘာသာပဲ စဉ်းစားပါ။