Part - 13 (Unicode)

42 0 0
                                    

မာန်သည် တည်တံ့အား မနက် ၃ နာရီခွဲ‌တွင် ကားဂိတ်သို့ လိုက်ပို့ပေးလိုက်သည်။အိမ်အပြန်လမ်းတွင် မာန် ခေါင်းမူးနေသည်။ဘာကြောင့်မှန်းမသိပေ အကြည့်ပါ ဝေဝါးလာသည်။ကားဆက်မောင်းရန် မဖြစ်တော့သည်ဆိုတာကို သိလိုက်ပြီ ဖြစ်သည်။

“hello ကိုငြိမ်း ဘယ်မှာလဲ”

“ကိုကြီး အိမ်မှာလေ ညီလေး ဘာဖြစ်လို့လဲ”

“ကျွန်တော် ‌မူးနေတာ ကားဆက်မောင်းလို့မရတော့ဘူး ကိုကြီး ကျွန်တော် ဝေဇေယန္တာလမ်းပေါ်မှာ The Cluster Bar & Bistro နားမှာ ကားရပ်ထားတယ်”

“ခဏစောင့် ညီလေး အစ်ကိုလာခေါ်မယ်”

ငြိမ်း မျက်နှာသစ်ကာ taxi ငှားပြီး ထွက်လာသည်။driver အား ပိုက်ဆံပေးပြီးသည်နှင့် တစ်ဖက်လမ်းသို့ ကူးသွားပြီး မာန့်စီသို့သွားလိုက်သည်။driver seat ဘေးမှ ခုံ၌ ထိုင်ပြီး မှေးနေသည်။‌နားထင်တစ်ဖက်အား လက်ဖြစ်ကိုင်ထားသေးသည်။

“ညီလေး ရလား ဆေးဆိုင်အရင်ဝင်ပေးရမလား”

“ရတယ် ကိုကြီး store မှာ Energy Drink တစ်ခုခုပဲ ဝင်ဝယ်ပေး”

“ဟုတ်ပြီ”

ငြိမ်း ကားမောင်းသွားပြီး store တစ်ခုတွင် မာန့်အား energy drink ဝယ်ပေးလိုက်သည်။မာန်ခေါင်းတော်တော်မူးနေပုံရသည်။ငြိမ်းကားမောင်းသည်ကို အိပ်ပြီး လိုက်လာသည်။အိမ်ပြန်ရောက်သည့်အချိန်တွင် မာန့်ကို နှိုး၍ အိမ်ထဲဝင်ဖို့ပြောလိုက်သည်။

“ကျေးဇူးပါ ကိုကြီး ဂရုစိုက်ပြန်ပါ”

“အင်း ညီလေး ဂရုစိုက်ဦး”

အချိန်သည် ၇ နာရီလောက် ရှိပြီဖြစ်၍ မာန် ပြန်မအိပ်ခင် ကောင်းအား သွားနှိုးရန်ပြင်လိုက်သည်။အခန်းထဲဝင်သွားချိန်တွင် တွေ့လိုက်ရသော ကောင်းကြောင့် အနည်းငယ် ရီချင်သွားသည်။စားပွဲခုံပေါ်တင် လက်တင်၍ အိပ်ပျော်နေသည်။စာလုပ်ရင်း အိပ်ပျော်သွားသည့် ကလေးတစ်ယောက်အလားပင်။ဘေးတွင်လည်း ဖုန်းကို stand တွင်မြင်လိုက်ရသည်မို့ ညက ဗေဒါနှင့် vc ပြောရင်းအိပ်ပျော်သွားသည် ဆိုတာကို သိလိုက်ရသည်။Laptop သည်လည်း အားသွင်းကြိုးတန်းလန်းပင်။

𝐔𝐧𝐜𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥𝐥𝐲 (ခြွင်းချက်မရှိစွာနှင့်)Where stories live. Discover now