ဓာတ်ပုံသွားရိုက်ရပြီ ဖြစ်၍ ၄ နာရီ နှိုးဆက်ပေးထားရသည်။ဗေဒါ နိုးသည်တွင် ပေါင်ပေါ်၌ မာန် မရှိတော့ပေ။လက်မှ စာကြောင့် ဗေဒါ ကောင်းစီ သွားရသည်။ဗေဒါအလာကို စောင့်နေပုံရသည့် ကောင်းအား တစ်ချက်မျက်လုံးဝေ့ကြည့်လိုက်သည်။ဗေဒါရောက်သည်နှင့် အရမ်း မာကြောမနေသော်လည်း အငယ်တော့ တင်းမာနေသည်။
“ပြောပါဦး ညက မပြောမဆိုနဲ့ ငယ်ငယ့်အခန်းထွက်သွားတဲ့အကြောင်းလေး”
“ဟို..ကိုကောင်းကလည်း အိပ်နေတာရယ် ငယ်ငယ့်အော်သံကြားလိုက်တာနဲ့ သွားလိုက်တာ အစက ပြန်လာမလို့ပါပဲ ငယ်ငယ်က ခေါ်ထားလို့”ငယ်ငယ်က ခေါ်ထားလို့”
“နောက်ကျ တစ်ခြားနေရာသွားမယ်ဆို ပြောသွား”
“ဟုတ်ကဲ့”
“ငယ်ငယ်ပြီးပြီ ရေသွားချိုးတော့”
“ဟုတ်ကဲ့”
ဗေဒါ ရေချိုးလိုက်ရင်း ခေါင်းပါလျှော်ချလိုက်သည်။မနက်အစောကြီးဖြစ်သော်လည်း အေးသည်တော့ မဟုတ်ပေ။အကုန်ပြင်ဆင်ပြီးသည့်အချိန်တွင် မနက် ၅ နာရီပင်ရှိသွားပြီ ဖြစ်သည်။ကားသော့ယူကာ studio သို့ ထွက်ခွာလာကြသည်။Studio သို့အရောက်တွင် ၅ နာရီခွဲရန် ၅ မိနစ်အလိုဖြစ်၍ အင်္ကျီလဲကာ ပြင်ဆင်ကြသည်။
“ညီလေးတို့ထဲက အကြီးဆုံးညီလေး အလယ်ကိုဝင်လိုက်ပါ ပြီးရင် နောက်မှာ ကောင်း နဲ့ ညီလေးဗေဒါ ရပ်လိုက် မာန်က ဘယ်ဘက်မှာရပ် ရောင်က ညာဘက်မှာရပ်”
“အဆင်ပြေလား အစ်ကို”
“ပြေတယ် ရိုက်မယ် 1,2,3 ရပြီ ညီလေးတို့ မျက်စိမှိတ်ထား မင်းသား ၅ ပါးကို ပြမလို့”
“မဟုတ်တာ အစ်ကိုရာ”
“အိုး မိုက်တယ်”
“တစ်စုံကို ဘယ်နှပုံလည်း အစ်ကို ၅ ပုံလား”
“ဟုတ်တယ်”
မာန်တို့ indoor ရိုက်သည်နှင့်တင် နေ့လည် ၁၂ နာရီထိုးသွားသည်။ထမင်းစားခဏနား၍ outdoor ထပ်၍ ရိုက်သည်။outdoor သည် Y.T.U တွင်သာ မကပဲ တစ်ခြားနေရာများပါ ပါသေးသည်မို့ပင်ပန်းသွားသည်မှာတော့ အမှန်ပင်။ညနေ ၆ နာရီလောက်မှ အိမ်ပြန်ရောက်သည်။ရေချိုးကြပြီး ဆောင်း၏ အိမ်သို့သွားကြသည်။
YOU ARE READING
𝐔𝐧𝐜𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥𝐥𝐲 (ခြွင်းချက်မရှိစွာနှင့်)
Romanceအိမ်ထောင်သည်လည်းဖြစ် အလုပ်ရှင်လည်းဖြစ်တဲ့လူကို ချစ်မိသွားတဲ့အခါ... ထိုဝတ္ထုသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်။ ထိခိုက်မှုများရှိခဲ့ပါက စာရေးသူနှင့်သာ သက်ဆိုင်ပါသည်။ Warning Scenes တွေ ပါကောင်းပါနိုင်တာမို့ ဖတ်သင့်မဖတ်သင့် ကိုယ့်ဘာသာပဲ စဉ်းစားပါ။