“ကိုဗေဒါ သဘက်ခါမှပြန်ပါလား brotherhood anniversary လည်းနီးနေပြီမို့ group photo ရိုက်ချင်လို့ booking တင်ပြီးပြီ ဒီနေ့ဝတ်စုံရွေးပြီး မနက်ဖြန် ရိုက်ရမှာ သဘက်ခါပြန်ရင် ကျွန်တော်ပါလိုက်မှာ ကိုထွန်းကို ပြောခိုင်းထားမယ်လေ သူ့သူငယ်ချင်း သူပိုင်ပါတယ်”
“လိုက်ခဲ့လေ နေဖို့က အစ်ကို့တိုက်ခန်းလိုက်နေမှာလား”
“ကိုကောင်းပေးတဲ့ တိုက်ခန်းမှာပဲ နေတော့မယ်”
“အိုခေ အိုခေ”
“ငယ်ငယ် စိတ်ပေါ့သွားပြီလား ခုက ဟိုမိသားစုနဲ့လည်း မပတ်သတ်ရတော့ဘူးဆိုတော့ ပင်ပန်းထားသမျှနည်းနည်းတော့ လျော့သွားမှာပေါ့ ဟိုဆွဲကြိုးလေးနဲ့ လက်စွပ်လေးရော ပြန်ရလိုက်လား အဲ့တာက ငယ်ငယ်ရင်းထားရတာနော်”
“ရခဲ့ပါတယ် အစကတည်းက အဲ့နှစ်ခုက ကျွန်တော်သိမ်းထားတာလေ... ပေးရင် ပြန်ရဖို့မသေချာဘူး ကိုထက် အခုဆို ကျွန်တော်မရှိတော့ သူတို့လည်း သာယာနေလောက်ပါပြီ ဒါပေမယ့် နွားလိုရှာပေးမယ့်ကောင် မရှိတော့ money က အသာတင် ဘယ်ရတော့မလည်း”
“အွန်း သေချာပေါက်ပေါ့ ဘာပဲဖြစ်ဖြစ် စိတ်ညစ်စရာ မိသားစုထဲကနေ ရုန်းထွက်နိုင်ခဲ့ပြီပဲ”
“အွန်း”
“ကိုကောင်း မထသေးဘူးလား ကိုဗေဒါ”
”မင်းအစ်ကို အလုပ်အားရင်ဘယ်တုန်းက စောစောထတာရှိလို့လဲ အထူးအဆန်းလုပ်ပြီးမေးနေသေးတယ်”
“ဪမေးမိတာအမှား”
ဝတ်စုံသွားရွေးရန် ကောင်းကို စောင့်နေကြခြင်းသာဖြစ်သည်။ညက အိပ်တာနောက်ကျ၍ မနက်တွင် မထနိုင်ဖြစ်နေသည်။ကောင်းအိပ်နေရင်းမှ ဧည့်ခန်းတွင်းရှိမာန်တို့၏ စကားသံများဖြင့် နိုးထလာသည်။အိပ်ချင်းမူးတူးဖြစ်နေပြီ ဆံပင်များသည်လည်း ငှက်သိုက်ဖြစ်နေသည်ကို ဗေဒါတွေ့သည်အချိန်တွင် ရယ်လိုက်သည်။ေဗဒါ့၏ သွားစွယ်များကုိ ကောင်း ၄ ကြိမ်မြောက်ပြန်လည် မြင်တွေ့ရခြင်းဖြစ်သည်။မာန်သည်လည်း ကောင်းအားကြည့်၍ ရယ်မိသွားသည်။
“ကိုကောင်းရာ အိပ်ချင်မူးတူးနဲ့ ရေသွားချိုးသွား”
“ချိုးမှာပါ”
YOU ARE READING
𝐔𝐧𝐜𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥𝐥𝐲 (ခြွင်းချက်မရှိစွာနှင့်)
Romanceအိမ်ထောင်သည်လည်းဖြစ် အလုပ်ရှင်လည်းဖြစ်တဲ့လူကို ချစ်မိသွားတဲ့အခါ... ထိုဝတ္ထုသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်။ ထိခိုက်မှုများရှိခဲ့ပါက စာရေးသူနှင့်သာ သက်ဆိုင်ပါသည်။ Warning Scenes တွေ ပါကောင်းပါနိုင်တာမို့ ဖတ်သင့်မဖတ်သင့် ကိုယ့်ဘာသာပဲ စဉ်းစားပါ။