Unicode
ယနေ့တွင် ကောင်း၊မာန်၊ဖြိုး နှင့် ထက်တို့ ဘန်ကောက်သို့ ရောက်ရှိနေသည်မှာ ၁ ရက်ရှိပြီဖြစ်သည်။ကောင်း၏ မွေးနေ့လည်း ဖြစ်သလို ဝါဆို လပြည့်နေလည်း ဖြစ်၏။ထို့ကြောင့် Phra Mondop သို့ သွားရောက်လည်ပတ်လိုက်သည်။ဗေဒါသည် ဖြိုးတို့အား စိတ်ကြိုက် လည်ပတ်ခိုင်းလိုက်သည်။
ဗေဒါသည် တိုက်ခန်းတွင် တစ်ယောက်ထည်း အလုပ်ရှုပ်နေသည်။အကြောင်းအရာမှာ တစ်ခြားတော့မဟုတ်ပေ။ကောင်း birthday ကြောင့်သာ ဖြစ်သည်။ကိုယ်တိုင် cake အား ပြုလုပ်နေပြီး decoration ကိုလည်း ကိုယ်တိုင်ဆင်နေသည်။တိုက်ခန်းတွင် မိုးပြာရောင်များဖြင့် ပြည့်နှက်လျက်ပင် ရှိနေသည်။Company team ဘက်မှ ဝယ်ပေးသော cake၊မာန်ဝယ်ထားသော cake တို့သည် စားပွဲပေါ်ရောက်ရှိသွားပြီ ဖြစ်သော်လည်း ဗေဒါ့၏ Cake သည်တော့ မပါသေးပေ။
ညနေခင်းအချိန်တွင် cake လည်း ပြီးမြောက်သွားပြီ ဖြစ်သည်။ယနေ့တွင် မိခင်ဖြစ်သူတို့မှလည်း သီလရှင်ကျောင်းတွင် အလှူဒါနလုပ်ပေးသည်။ကောင်းကို ပြန်ခေါ်လာရန် ဖြိုးအား စာပို့လိုက်သည်။၁၅ မိနစ်လောက် အကြာတွင် ရောက်လာကြသည်။တိုက်ခန်းအား Bell တီးသောကြောင့် ဗေဒါ အသည်းအသန် မီးများပိတ်၍ cake အား ကိုင်ကာ တံခါးသွားဖွင့်ရသည်။
“Happy birthday to you, happy birthday to you, happy birthday dear ko kaung, happy birthday to you!!”
“ဆုတောင်းပြီး မှုတ်လိုက်ပါဦး ကိုကောင်း”
ကောင်း ဆုတောင်း ပြီးသည်နှင့် ကိတ်မှ ဖယောင်းတိုင်များအား မှုတ်လိုက်သည်။ထိုအချိန်မှသာ မာန်သည် မီးပြန်ဖွင့်လိုက်သည့်အချိန်တွင် ကောင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။တိုက်ခန်း တစ်ခုလုံးအား မိုးပြာရောင် ဖုံးလွှမ်းထားသည်။စားပွဲပေါ်တွင်ရှိသော cake နှစ်လုံးနှင့်အတူ ဗေဒါသည်လည်း သူ၏ cake ကို ပြန်ချထားလိုက်သည်။
ကောင်း၏ ညီမဖြစ်သူ ရေလွှာဝင့်မောင်အား မာန် vc ခေါ်လိုက်သည်။တိုက်ခန်းအား ပြလိုက်သည့်အချိန်တွင် ရေလွှာ အံ့ဩမင်သက်သွားသည်။မေမေ့အား ခေါ်ပြသည့်အချိန်တွင် မေမေလည်း အံ့ဩသွားသည်။ထိုသို့ ပြုလုပ်ပေးခြင်းအတွက် ဗေဒါ့အား ကျေးဇူးအခါခါတင်နေသူမှာ မေမေသာ ဖြစ်၏။
YOU ARE READING
𝐔𝐧𝐜𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥𝐥𝐲 (ခြွင်းချက်မရှိစွာနှင့်)
Romanceအိမ်ထောင်သည်လည်းဖြစ် အလုပ်ရှင်လည်းဖြစ်တဲ့လူကို ချစ်မိသွားတဲ့အခါ... ထိုဝတ္ထုသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်။ ထိခိုက်မှုများရှိခဲ့ပါက စာရေးသူနှင့်သာ သက်ဆိုင်ပါသည်။ Warning Scenes တွေ ပါကောင်းပါနိုင်တာမို့ ဖတ်သင့်မဖတ်သင့် ကိုယ့်ဘာသာပဲ စဉ်းစားပါ။