🧝Chapter 5
နောက်တစ်နေ့မနက် မြောင်ဟယ်နိုးလာချိန်တွင်
သူ၏ဘေး၌မည်သူမျှမရှိချေ။အနောက်ခန်းထဲတွင် မည်သည့်လှုပ်ရှားမှုမှမကြားရသည်မှန်လျှင် ရန်သာ့လန်သည် အိမ်မှထွက်သွားနှင့်လောက်လေပြီ။ ကြည့်ရသည်မှာ မနေ့ကမိလာသော
အမဲကောင်များကိုရောင်းရန် မြို့ထဲသို့သွားခြင်း
ဖြစ်ပုံရကာ မြောင်ဟယ်၏ခြေထောက် ထိခိုက်မိသွားခြင်းကြောင့် နှောင့်နှေးသွားရပုံပင်။မြောင်ဟယ်၏ မျက်၀န်းများတောက်ပသွားလျက်
အေးခြင်းပူခြင်းကိုပင် ဂရုမစိုက်တော့ပဲ အိပ်ယာမှအလျင်စလိုထလိုက်တော့သည်။ထိုအခါမှသာ စားပွဲပေါ်ရှိ ပန်ကိတ်နှစ်ခုနှင့် မုန်ညှင်းနှင့်၀က်သားရောကြော်ထားသော ပန်းကန်အသေးလေးတစ်ခုအားလည်းတွေ့လိုက်ရတော့သည်။
၄င်းမှာမြောင်ဟယ် ကူးပြောင်းလာချိန်မှစ၍ပထမဆုံးအကြိမ်စမြင်ဖူးသော အသားပန်းကန်ဖြစ်သော်လည်း သူ့တွင်ကား စားချင်စိတ်ရှိမနေခဲ့ပေ၊
သို့နှင့်မြေကြီးအား ဆွရန်သာ စိတ်လောနေတော့သည်၊
ဖိနပ်အား၀တ်လိုက်ပြီးနောက် မြောင်ဟယ်သည်
အနောက်ခန်းသို့သွားလျက် ခြေထောက်ကိုထိကြည့်လိုက်သည်၊ မနေ့က ဦးလေးလင်း ပေးခဲ့သောဆေးများမှာသူ၏ခြေထောက်တွင်လိမ်းကျံခံထားရသည်။နောက်ဖေးမြေကွက်လပ်ကိုခြေချမိစဥ်တွင်မှ နောက်ဖေးခြံတံခါးအားတွန်းဖွင့်လိုက်သံအား ကြားလိုက်ရလေသည်။
မြောင်ဟယ် ကပြာကယာရပ်လိုက်သော်လည်း ရန်သာ့လန်၏မျက်နှာသည်ကား တစ်စုံတစ်ဦးကိုတွေ့လိုက်ရသည်နှင့် လွန်စွာဆိုးရွားနေခဲ့လေပြီ၊
"မင်းဘာလုပ်နေတာလဲ"
"ငါ..ငါ ဆေးကြောသန့်စင်ဖို့ ရေနွေးနည်းနည်းတည်မလို့"
ရန်သာ့လန်မှာ မျက်မှောင်ကျုံ့လျက်ရှေ့သို့လှမ်းလာကာ သူ၏ကိုယ်အား မနေ့ကကဲ့သို့ပင် အသာထိန်းပွေ့လိုက်သည်၊ မြောင်ဟယ်မရုန်းကန်နိုင်ခင်မှာပင် သူကဆိုလာသည်၊
YOU ARE READING
ကောငယ်လေး၏စတိုရီ( မြောင်ဟယ် + ရန်သာ့လန်)
General FictionDESCRIPTION April 28, 2024 Title - Little Ger, Slow life in Another World Description 💥 အခြားကမ္ဘာတွင် ကော လေးတစ်ဉီးဖြစ်လာခဲ့ပြီးနောက် ဘဝကို အေးအေးဆေးဆေးဖြတ်သန်းခြင်း... မြောင်ဟယ်သည် ကော တစ်ဉီး ဖြစ်လာခဲ့သည်။ သူက ငယ်ရွယ်ထင်ရှားသော လူငယ်တစ်ဉီးနှင့်...