Chapter 40
May 01, 2024
🧝Chapter 40"အလျင်မလိုပါနဲ့....ဒီကိတ်မုန့်ကို ငါတို့ယူမယ်...အခုနက ဒီဆိုင်ရှင် စကားနည်းနည်းမြန်သွားတယ်...ဒါပေမဲ့ ဒီအရသာရှိတဲ့ ကိတ်မုန့်က ပဲတီစိမ်းတင်ပဲလို့ ယုံရခက်တယ်...ကြည့်ရတာ အဆင်မပြေပေမဲ့ လုံးဝကောင်းတယ်...လက်ခံတယ်...အံ့သြစရာပဲ...ဒီနေ့ ငွေပမာဏနည်းနည်းဆိုရင်ရော — သုံးပြားဆိုရလား...ပြီးရင် ငါ ငါ့သခင်ကို မင်းကို ပုံစံဖော်ခွက်တစ်စုံပေးခိုင်းလိုက်မယ်...အဲဒါကိုသုံးပြီး ကိတ်မုန့်ကိုပုံသွင်း....နောင်ကျရင် တစ်ခုကို ငါတို့ ငွေတွဲဝက်နဲ့ဝယ်မယ်"
(T/N– ငွေတစ်တွဲ=1000ချမ်)
မြောင်ဟယ် အံ့သြမှုကြောင့် မျက်လုံးများ ပြူးကျယ်သွားသည်။ မနေ့က သူထလုပ်ခဲ့သည့် ပစ္စည်းက အနည်းဆုံး အခုငါးဆယ်ဖြစ်သည်။တစ်ခုကို သုံးပြားနှင့် ရောင်းလျှင် အခုငါးဆယ်ဆို 25ဆင့်နီးနီးဖြစ်သည်။
1 ခု = 0.5 ဆင့် = 5 ချမ် (ဒင်္ဂါး3ပြား)
20 ခု= 1မောင် = 10 ဆင့်
50 ခု = 2မောင် 5 ဆင့် = 25 ဆင့်။
ပုံစံဖော်ခွက်ဖြင့်ပြုလုပ်လျှင် ၎င်း၏အရွယ်အစားသည် ပိုကြီးမည်ဖြစ်သော်လည်း ပမာဏပိုများပါက လုံးဝအဆင်ပြလောက်သည်။
မြောင်ဟယ် တစ်နေ့လျှင် အနည်းဆုံး သုံးယွမ်နှင့်ညီမျှသည့် ပဲတီစိမ်းကိတ် အခု 60နီးပါးပြုလုပ်နိုင်ဖွယ် ရှိသည်။
(20 ခုအတွက် = 10 ဆင့် = 1 မောင်
သုံးရက် = 3*3 = 9 မောင်[1 တေး နီးပါး]... သုံးရက်လျှင် 1 တေးနှင့် ရက်သုံးဆယ်လျှင် 10တေး...)တွက်ပြထားတာဟုတ်လားတော့မသိဘူး 😬
ဒါဆို အိမ်ဆောက်ဖို့ ပိုက်ဆံက အပိုထွက်နိုင်လား...
မြောင်ဟယ် နောက်ဆုံးတွင် ပြုံးသွားသည်။
"ကောင်းပြီ... ကျေးဇူးတင်ပါတယ် ဆိုင်ရှင်...ဒါဆိုနောက်ကျ ဒီဟာကိုလည်း ပို့ပေးမယ်"
ဆိုင်ရှင်ကျင်းက ရယ်ပြီးဆို၏။
"ကိစ္စမရှိပါဘူး ပြဿနာမရှိဘူး...များလေ ပိုကောင်းလေပဲ"
YOU ARE READING
ကောငယ်လေး၏စတိုရီ( မြောင်ဟယ် + ရန်သာ့လန်)
General FictionDESCRIPTION April 28, 2024 Title - Little Ger, Slow life in Another World Description 💥 အခြားကမ္ဘာတွင် ကော လေးတစ်ဉီးဖြစ်လာခဲ့ပြီးနောက် ဘဝကို အေးအေးဆေးဆေးဖြတ်သန်းခြင်း... မြောင်ဟယ်သည် ကော တစ်ဉီး ဖြစ်လာခဲ့သည်။ သူက ငယ်ရွယ်ထင်ရှားသော လူငယ်တစ်ဉီးနှင့်...