Chapter 27
April 28, 2024
🧝Chapter 27ကိုယ်ပိုင်စုဆောင်းခြင်း
မြောင်ယွမ် မြောင်ဟယ်ထံသို့ အကြည့်တစ်ချက်ပင်မပေးလာခဲ့ချေ။ သူ့ကိုယ်သူဖြူစင်သည့်ပုံဖမ်းနေသည်မှာ သိသာလှသည်။
အဒေါ်ရန်မှ အနည်းငယ်ညည်းညူလာသည် “ အရမ်းကိုကောင်းတာပေါ့…သည်နေ့ ဟယ်ကောနဲ့ငါလည်း ပစ္စည်းတချို့ဝယ်ပြီး ပြန်တော့မလို့လေ…သည်အဒေါ်က ခဏလေးနားဖို့အတွက် လမ်းဘေးကဈေးပေါတဲ့လက်ဖက်ရည်ဆိုင်လေးကို ကွက်တိရွေးမိလိမ့်မယ်လို့ ဘယ်သူကများတွေးနိုင်မှာလဲနော်…တစ်ငုံသောက်ရုံရှိသေး ဘယ်သူမှန်းမသိတဲ့လူတစ်ယောက်က ပေါက်ကရတွေလာပြောတာကို ခံလိုက်ရတယ်… ဒါတောင် သူနဲ့အတူလာတဲ့သူတွေက သူ့အပြုအမူတွေကို မမြင်ကြသေးဘူးပဲ…အိုက်ယားး သူကမျက်နှာကြီးမျိုးဆိုတာ အံ့ဩဖို့ကောင်းမနေတော့ဘူး…”
ဤနေရာတွင် ပထမဦးဆုံးမုန်တိုင်းထန်စေခဲ့သူမှာ ဖန်းကျယ်ဟုခေါ်သော ကျောင်းတော်သားတစ်ယောက်ဖြစ်သည်။ တစ်ဖက်လူမှာ ရန်မိသားစု၏အကြီးအကဲဖြစ်ကြောင်းကို သူသိနေသည့်တိုင် ထိုကဲ့သို့အကြောင်းအရာများကို လူရှေ့သူရှေ့တွင် ထုတ်ပြောမိသေးသည်။ သူ အမှန်တကယ် အန္တရာယ်ပြုချင်သောကြောင့်ဖြစ်စေ နားလည်မှုလွဲခြင်းဖြစ်စေ ဤသို့ကြိမ်းမောင်းခံရမှုမျိုးနှင့် ထိုက်တန်လှသည်ဖြစ်ရာ ဖန်းကျယ် ချုပ်တီးထားရန်သာတတ်နိုင်ပြီး ကူကယ်ရာမဲ့စွာဖြင့် ရှက်သွေးဖြာသွားရသည်။
မြောင်ယွမ် မည်သည့်အရာကိုမှ မကြားလိုက်ရသကဲ့သို့ ခပ်တောင့်တောင့်အပြုံးတစ်ခုကိုသာ ညှစ်ထုတ်လိုက်ရသည်
“ သည်နေ့ကံကြမ္မာအရ တွေ့ဆုံဖြစ်တယ်ဆိုတော့ ကျွန်တော် နှစ်ယောက်စလုံးကို သည့်ထက်ပိုကောင်းတဲ့လက်ဖက်ရည်နဲ့ ဧည့်ခံဖို့နှိမ့်ချစွာ ဖိတ်ကြားပါရစေ…”
“ မလိုပါဘူး… မင်းဧည့်ခံမဲ့လက်ဖက်ရည်အတွက်ကတော့ သောက်ပြီးရင် သည့်ထက်ပိုဆိုးတဲ့အရာတွေ အပြောခံရမှာကို စိုးမိပါသေးတယ်…ငါတို့ရှင်းရှင်းလင်းလင်းနဲ့ သီးခြားကန့်သတ်ထားတာကပဲ မိသားစုနှစ်ခုစလုံးအတွက် ပိုပြီးကောင်းမှာပါလေ… ဟယ်ကော ဆိုင်ရှင်စီမှာငွေရှင်းပြီးရင် အဒေါ်တို့သွားကြစို့…”
YOU ARE READING
ကောငယ်လေး၏စတိုရီ( မြောင်ဟယ် + ရန်သာ့လန်)
General FictionDESCRIPTION April 28, 2024 Title - Little Ger, Slow life in Another World Description 💥 အခြားကမ္ဘာတွင် ကော လေးတစ်ဉီးဖြစ်လာခဲ့ပြီးနောက် ဘဝကို အေးအေးဆေးဆေးဖြတ်သန်းခြင်း... မြောင်ဟယ်သည် ကော တစ်ဉီး ဖြစ်လာခဲ့သည်။ သူက ငယ်ရွယ်ထင်ရှားသော လူငယ်တစ်ဉီးနှင့်...