chapter 60

393 80 0
                                    

Chapter 60
May 06, 2024
🧝Chapter 60

ကျန်းမြန်သည် လီကျောက်တိက သိရက်နှင့် မပြောခဲ့ဟု စိတ်ထဲမှာတစ်ထစ်ချတွေးထားခဲ့သည်။ယခု လီကျောက်တိ အံ့အားသင့်သွားသည်ကိုတွေ့ရာတွင် သရုပ်ဆောင်ကောင်းသည်ဟုသာ ထင်မြင်ကာ စိတ်သိပ်မရှည်တော့​ပေ။သူမ တိုက်ရိုက်ပြောလို​က်သည်။

"ဟုတ်တယ် ဒါက ကိစ္စအကြီးကြီးပဲ... ငါတို့လိုအမေဘက်ကမိသားစုက  ဘေးလူတွေဆီက ကြားမှသိရတယ်ဆိုတာ ရယ်စရာကောင်းတယ်...​ပြီးမှ ငါအမေ့ကို သွားပြောရမယ်... တိ​မေ့လည်း ရှင်းပြသင့်တယ်နော်"

လီကျောက်တိ ဘာရှင်းပြနိုင်ပါမည်နည်း။ရန်သာ့လန်ဆီက ငွေခြောက်​တေးတောင်းပြီးကတည်းက အိမ်မသိအောင် ဖုံးကွယ်၍ ပိုက်ဆံ​တွေသုံးခဲ့သည်။ယခု ရန်သာ့လန်တို့မိသားစုက အပြာရောင်အုတ်​ကြွပ်မိုးအိမ် ဆောက်ထားသည်ကို ကြားသောအခါ ဘာကြောင့်မှန်းမသိ သူမ မကောင်းသည့်ခံစားချက်ရနေ၏...

ထို့နောက် သူတို့နှစ်ဦး ​လောင်​ပေါ်ဇီရှေ့သို့ ရောက်လာကြသည်။

အပြာရောင်အုတ်များဖြင့် အိမ်ကြီးကြီးတစ်လုံးဆောက်ထားကြောင်း ကြားသောအခါ အဘွား​ကြီး၏မျက်လုံးများ တောက်ပလာသည်။သူမ ကျန်းမြန်၏ ညည်းညူသံကိုကြားလိုက်ရ၏။

"တွေးကြည့်ပါဦး...ဟယ်ကောအာ သာ့လန်နဲ့လက်ထပ်တုန်းက သတို့သမီးကြေးကို မရလုနီးပါးပဲ...အစပိုင်းတုန်းကတော့ သူ့မိသားစု ဒုက္ခရောက်နေတာကို တွေ့လို့လေ... အခု သူက ချမ်းသာလာပြီ...စောဒကတက်ဖို့က များလွန်းမနေဘူး မလား"

လီကျောက်တိ ချွေးစေးပြန်လာသည်။ဒီလိုအကြောင်းပြချက်မျိုးကို သူမကိုယ်တိုင်က မသုံးသင့်ဘူးလေ...

လောင်ပေါ်ဇီက ခေါင်းညိတ်ပြီးဆို၏။

"အဲဒါက အဓိပ္ပာယ်ရှိတယ်...တတိယချွေးမ၊ ဒုတိယချွေးမ ပြောတဲ့အတိုင်း လုပ်လိုက်...နင်က ဟယ်ကောအာရဲ့အမေပဲ...နင်ဆုံးဖြတ်ဖို့ပဲ သင့်တယ်"

သို့ပေမဲ့ လီကျောက်တိ မည်သို့ ပြောရဲပါမည်နည်း။ရန်သာ့လန်၏လက်ထဲတွင် စာရွက်နှစ်ရွက် ရှိနေသေးသည်။

You've reached the end of published parts.

⏰ Last updated: Nov 11 ⏰

Add this story to your Library to get notified about new parts!

ကောငယ်လေး၏စတိုရီ( မြောင်ဟယ် + ရန်သာ့လန်)Where stories live. Discover now