chapter 50

629 91 2
                                    

Chapter 50
May 04, 2024
🧝Chapter 50

လတ်တလောအခြေအနေတွင် ရန်သာ့လန်က သူ့စိတ်ထဲမှာ ဘာတွေတွေးနေလဲဆိုသည်ကိုပြောမှာမဟုတ်ပေ။

နောက်တစ်နေ့တွင် သူသည် ဒုတိယအဒေါ်၏ ညွှန်ကြားချက်အတိုင်း သတင်းကောင်းကြေညာရန် အဒေါ်ချင်းအိမ်သို့ သွားခဲ့သည်။ ဤတစ်ကြိမ်တွင် ကောလေးကိုအိမ်မှာပဲ နားနေခိုင်းခဲ့လိုက်သည်။တစ်ဖက်လူ အပေါ် ချမ်းဇီ၏ သဘောထား မပြောင်းလဲကြောင်း သိလျက်နှင့် ရန်သာ့လန် မြောင်ဟယ်ကို မတရားထပ်မံ အပြစ်တင် မခံစေချင်ပါလေ။

အဒေါ်ချင်းက သူ့စကားကို နားထောင်ပြီးနောက် အဒေါ်ရန်ကဲ့သို့ပင် ပျော်ရွှင်သွားပြီး သူမ၏ မျက်လုံးထောင့်များတွင်ပင် မျက်ရည်များ ပြည့်နှက်နေခဲ့သည်။အဒေါ်ရန်ထက် သူမက အပြစ်ရှိသလို ခံစားရသည်။သတင်းကောင်းကို ကြားလိုက်ရသည့်အခါ သူမ ဝမ်းသာပေမဲ့ စိုးရိမ်သွားခဲ့၏။

"ဒါဆို ဟယ်ကောအာရဲ့ကျန်းမာရေးက အဆင်ပြေရဲ့လား...အဒေါ်ချင်းကို အခုပြောကြည့်... အတားအဆီးတစ်ခုခုရှိလား ...ဟေး ထုံးစံကို သုံးလလောက် ထိန်းထားရမယ်... ဒီအသေးစိတ်အချက်အလက်တွေကို မင်းက ပိုအာရုံစိုက်သင့်တယ်-"

ရန်သာ့လန်ပြောလိုက်သည်။

"ကိစ္စမရှိဘူး... ပြည့်သွားပြီ"

အနည်းငယ် တွက်ချက်ပြီးနောက် မြောင်ဟယ်ဘယ်အချိန် ကိုယ်ဝန်ရခဲ့လဲ သိရန် လွယ်ကူသည်။သံသယဖြစ်စရာမရှိအောင်ပင် ယင်းက သူတို့နှစ်ယောက်ကြားက ပထမဆုံးအကြိမ်မှန်း သေချာ​လေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ကောလေးက အိပ်ရာဝင်ချိန်မှာ ဤကိစ္စအား မကျေမနပ်ရေရွတ်နေခဲ့သည်။ ထိုနေ့ညက သူ တအားအနိုင်ကျင့်ဗိုလ်ကျခဲ့သဖြင့် ယခုလိုကိစ္စအကြီးကြီးဖြစ်သွားသည်မှာ အံ့သြစရာမဟုတ်ဟုဆိုလေသည်။

ကောလေးက သူ၏ တင်းကျပ်သည့် ထိန်းချုပ်မှုအကြောင်း ညည်းညူနေမှန်းသိပေမဲ့ ရန်သာ့လန်၏ နားထဲကိုရောက်သွားသောအခါ ကောလေးအတွက် ယပ်ခတ်ပေးနေသည့် ယပ်တောင်ကို ကိုင်ထားသည့်လက်ပင် ခဏတာ တောင့်တင်းသွားခဲ့သည်။ နှလုံးသားထဲက ထွက်လာသည့် အရသာက ချိုမြိန်ပြီးပူနွေးကာ အတွင်းကနေ အပြင်ကို ​တောက်လောင်နေ​သည်။ဒါပေမဲ့ သူ့မှာ ပါးစပ်ထဲငုံထားမိမှာတောင်စိုးနေတာ တစ်ဖက်လူကို ဘယ်လိုလုပ်ထိနိုင်မှာလဲ...

ကောငယ်လေး၏စတိုရီ( မြောင်ဟယ် + ရန်သာ့လန်)Where stories live. Discover now