chapter 36

1K 114 2
                                    

Chapter 36
April 30, 2024
🧝Chapter 36

ထိုနောက်ဆုံးစာကြောင်းများအရ ဆိုင်ရှင်ကျန်းက အဖိုးတန်သေးကြောင်း ကျန့်ကွမ်စန်းကို ယုံကြည်စေသောကြောင့် သူက နောက်ထပ်အသေးစိတ်အချက်အလက်များကို အနည်းငယ်ရှင်းပြခဲ့သည်။

သိပ်မကြာခင်မှာပဲ မြောင်ယွမ် စားသောက်ဆိုင်မှာ ရှိနေသည်ဟု သူ့ဆီ သတင်းရောက်လာခဲ့သည်။ကျန့်ကွမ်စန်း၏ မျက်လုံးများတွင် လိမ္မာပါးနပ်မှု အရိပ်အယောင်များ ဖျက်ခနဲပေါ်လာပြီးနောက်ဆင်းကာ သူတို့ကို ယဉ်ကျေးပျူငှာစွာ ကြိုဆိုလိုက်သည်။

သူအခန်းထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် စာပေပညာရှင် ၀တ်စုံကိုဝတ်ဆင်ထားသောမြောင်ယွမ်က ကျန့်ကွမ်စန်းကို လက်သီးဆုပ်ပေါ် လက်တစ်စ်ဖက်အုပ်ကာ နှုတ်ဆက်လိုက်သည်။ သူ့နောက်တွင် ချောမောလှပသော ကောတစ်ယောက် လိုက်ပါလာ၏။မြောင်ယွမ် စီးပွားရေးဆွေးနွေးရန် စားသောက်ဆိုင်သို့ လာသည့်အခါတိုင်း ထိုကောကအမြဲလိုက်လာကာ သူကမင်ချွင်းဟုခေါ်သော အလုပ်ရုံတွင် မရှိမဖြစ်ဘဏ္ဍာထိန်းဖြစ်ကြောင်း လူတိုင်းအား ပြောပြလေ့ရှိသည်။

"ဒီနေ့တော့တိုက်တိုက်ဆိုင်ဆိုင် သူဌေးကျန့်ရောက်နေတာပဲ...ကျွန်တော်က  အစောနကဆိုင်ရှင်ကျန်းကို ကိစ္စသေးသေးလေးတချို့ နည်းနည်းလောက်မေးကြည့်နေတာ... အခု ဒီကိစ္စကို အတူတူ ဆွေးနွေးလို့ရသွားတာပေါ့"

ကျန့်ကွမ်စန်းကလည်း သူ့ကို လက်သီးဆုပ်ပေါ်လက်တစ်ဖက်အုပ်ကာ နှုတ်ဆက်ပြီး သူ့စိုးရိမ်မှုကို မြှင့်လိုက်သည်။

"ညီအစ်ကိုမြောင်ကို ရင်ဖွင့်စရာတစ်ခုလည်းရှိတယ်...တို့ဟူးပူတင်းအတွက် ဟင်းချက်နည်းအကြောင်းပါ...ညီအစ်ကိုမြောင် ဒီကို စရောက်တုန်းက ဒီဟင်းလျာက စားသောက်ဆိုင်ရဲ့ အမှတ်အသားနဲ့ အချိန်အတော်ကြာ လူကြိုက်အများဆုံး ဟင်းဖြစ်လာမှာ သေချာတယ်လို့ ဆိုခဲ့တယ်...ဒါပေမဲ့ ဆိုင်ရှင်ကျန်းနဲ့ စာရင်းစာအုပ်ကို ကျွန်တော် ကြည့်လိုက်တော့ အဲလိုဖြစ်ပုံမရဘူး... တကယ်တော့ ဒီလရဲ့အမြတ်ငွေက အရင်လလောက် မကောင်းဘူး...ဒါက ဘယ်လိုလုပ်ကောင်းတယ်​ဖြစ်မှာလဲ"

ကောငယ်လေး၏စတိုရီ( မြောင်ဟယ် + ရန်သာ့လန်)Where stories live. Discover now