chapter 42

434 52 0
                                    

Chapter 42
May 01, 2024
🧝Chapter 42

နှစ်ဦးနှစ်ဘက် ထိပ်တိုက်တွေ့နေချိန်တွင် အခြားအလုပ်သမားများက အချိန်ကုန်သက်သာစေရန် မြေ​ကြီးကို အားကုန်ထုကာနေကြပြီဖြစ်သည်။

အပြာရောင်အုတ်ခဲများသည် မြောင်ဟယ်တို့မိသားစု၏ ကုန်းမြေနယ်နိမိတ်အသစ်ဆီသို့ လှည်းမျိုးစုံဖြင့် တဖြုတ်ဖြုတ် ရောက်ရှိလာသည်။ ဤတစ်ကြိမ်တွင် ယာဉ်တန်းက ရွာတွင်းလမ်းမကြီးအစား အုတ်ဖိုနှင့်နီးသည့် ရွာအပြင်ဘက် လမ်းကြောင်းကနေ ဖြတ် သွားခဲ့သည်။ထို့ကြောင့် ထိုအကြောင်းက ရွာသူရွာသားများ နားထဲသို့ ရက်အတော်ကြာသည့်တိုင်ရောက်မသွားခဲ့ပေ။

သို့သော် တရားဝင်စတင်တည်ဆောက်ချိန်တွင် သစ်သားခြံစည်းရိုးနောက်ကွယ်ရှိ သိသာထင်ရှားသောလှုပ်ရှားမှုများကိုကြားပြီး ရွာလူကြီးက  ခိုးဝင်ချင်ခဲ့သည်။သို့သော် ကံမကောင်းစွာပဲ၊ လူမိသွားခဲ့သည်။

ရန်သာ့လန်က လူတွေကို ဘာမှမမြင်စေချင်ပေ။ထို့ကြောင့် ပင်မတံခါးကြီးမှတဆင့် ဝင်ရန်ကြိုးစားသော ရွာလူကြီးအား ပြောင်ပြောင်တင်းတင်း ပိတ်ဆို့လိုက်သည်။

"အထဲမှာ အိမ်ဆောက်နေတယ်...ရှုပ်ပွနေတာ... လူတွေကို ထိခိုက်မှာစိုးတယ်"

ရွာလူကြီးက ရန်သာ့လန်၏ ကိုယ်ခန္ဓာကိုယ်ပေါ်ကနေကျော်ကာ ချောင်းကြည့်ကာ အတွင်း၌ ဖြစ်ပျက်နေသည်ကို မြင်အောင်ကြည့်သည်။သို့ပေမဲ့ သူ အများကြီး မမြင်နိုင်ခဲ့​ပေ။ သို့သော် အတွင်းမှ တဒုန်းဒုန်း တဘန်းဘန်းအသံများကို ကြားရဖြင့် အိမ်သစ် ဆောက်လုပ်မှု စတင်နေပြီဖြစ်မည်။

ရွာသူကြီးလည်း တစ်ဝက်စိတ်အေးသွားသည်။တစ်ဖက်ကအမှန်တိုင်းပြောသဖြင့် သူ တကယ်ကို လှုပ်လှုပ်ရှားရှားဖြစ်သွား၏။ထို့ကြောင့် သူက နွေးထွေးသည့်လေသံနှင့်ပြောလိုက်သည်။

"အိမ်ဆောက်ဖို့ကိုကွာ ငါ့ကိုဘာလို့လူမခေါ်ခိုင်းတာလဲ...သာ့လန်က အားနာတတ်လွန်းတယ်... အဲဒီလူတွေက ဘယ်သူတွေလဲ...မြို့ကခေါ်တယ်ဆိုရင် ပိုက်ဆံပိုတောင်းမှာစိုးတယ်နှော... ပိုက်ဆံကို ပေါ့ပေါ့ဆဆ ဘယ်လိုလုပ်သုံးလို့​ဖြစ်မှာလဲ"

ကောငယ်လေး၏စတိုရီ( မြောင်ဟယ် + ရန်သာ့လန်)Where stories live. Discover now