chapter 57

413 77 0
                                    

Chapter 57
May 06, 2024
🧝Chapter 57

တိုက်ဆိုင်စွာပင် မြို့ထဲမှ ဧည့်သည် တော်တော်များများက တစ်ယောက်နှင့်တစ်ယောက် သိ​နေ​ကြသည်။ရှုမင်က သမားတော်ကျီနှင့်ခရီးသွားရာမှသိပြီး လျန်ယွမ်ဝေ နှင့် စင်းလုံးငှားလှေကြောင့် သိကာ ချွီလောင်နှင့်က ရေခဲကြောင့်ဖြစ်သည်။

ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ မြောင်ဟယ် နှင့် ရန်သာ့လန် တို့ကြောင့် ဤလူများသည် မကြာသေးမီက ပိုမိုရင်းနှီးလာကြသည်။ ကံတရားအကြောင်းပြောရလျှင် အင်မတန်စိတ်ဝင်စားစရာကောင်းလေသည်။

တစ်ဖက်က​နေ ၎င်းတို့ကို စောင့်ကြည့်နေသော မြောင်ဖင်းတို့ နှလုံးသားထဲတွင် သတိကြီးကြီးထားနေရုံသာမက ၎င်းတို့နှင့် လွတ်လပ်စွာ ဆက်ဆံနိုင်သည့် ရန်သာ့လန် နှင့် မြောင်ဟယ် ကိုလည်း လေးစားမိကြသည်။ ရွာရှိလူအများစုသည် မျိုးဆက်ပေါင်းများစွာ လယ်ယာစိုက်ပျိုးကြပြီး ကုန်သည်ငယ်/စျေးသည်များမှလွဲ၍ အခြားအဆင့်များနှင့် ထိတွေ့လေ့မရှိကြပေ။ ပထမတုန်းက သူတို့ စကားဝိုင်းဖွဲ့ပြောရာတွင် အနည်းငယ် အဆင်မပြေဖြစ်ကြသည်။

သို့သော်လည်း မြောင်ဟယ် ဧည့်သည်များကို ဧည့်ခံရန်အတွက် စားပွဲပေါ်၌ ချ​ပေးထားသော ငရုတ်ကောင်းမြေပဲကြော်က အချင်းချင်းကြား အကွာအဝေးကို အမြန်ကျဉ်းမြောင်းစေခဲ့သည်။

တန်ဖိုး​ကြီးဇိမ်ခံဝတ်စုံဝတ်ထားသည့်လူငယ်လေးက တစ်ခါမှကောင်းသည့်ဟာမစားခဲ့ဖူးသလိုမျိုး မြေပဲတွေကို ပါးစပ်ထဲကို တစ်​စေ့ပြီးတစ်စေ့ သွပ်နေသည်။

ဒီချမ်းသာတဲ့ မိသားစုက ဒါ​လေးပဲကျွေးမှာတော့ မဟုတ်ဘူးမလား...ဟမ်း ဒါပေမဲ့ ဒီမြေပဲတွေက ဘာလို ဒီလောက်ကြီးပြီး အရသာရှိရတာလဲ... ရပ်လို့မရဘူးဖြစ်နေတယ်...

လီမင်တို့စားပွဲသည် ပို၍ပင် မယဥ်ကျေးကြပေ။ဖက်တီးက ဒီနေ့ ဘာပဲဖြစ်ဖြစ် လိုက်မည်ဟု အတင်းပြောနေသဖြင့် သူလည်း ပါလာခဲ့သည်။သူက မီးဖို​ချောင်သို့သွားကာ အဒေါ်ရန်ဆီက မြေပဲနှင့်ထမင်းပူပူတစ်ပန်းကန် တောင်း​လေသည်။ စားရတာ ဘယ်လောက်ပျော်နေမှန်းမသိပေ။

ကောငယ်လေး၏စတိုရီ( မြောင်ဟယ် + ရန်သာ့လန်)Where stories live. Discover now