Chapter 47
May 04, 2024
🧝Chapter 47ရန်သာ့လန်၏ နက်မှောင်သော မျက်လုံးများက ပို၍ပြေလျော့လာသည်။မြောင်ဟယ် အိမ်တွင် ထူးဆန်းသောအရာအချို့ရှိပြီး ယင်းက ရန်သာ့လန်ကို ပြန်တွေးတောစေလိမ့်မည်မှန်းသည်။ တစ်နေ့မှာ သူအမှန်အတိုင်းပြောမှာဖြစ်ပေမဲ့ ယခုအချိန်မှာ လူတွေကြားချင်သည့်အရာကိုပဲ သူရွေးချယ်နိုင်မှာဖြစ်၏။သေချာသည်ပင်၊ဤသည်က သူ၏ကိုယ်ပိုင်စကားအမှန်များလည်းဖြစ်သည်။
ရုတ်တရက် ထိုလူက သူ့ကိုကောက်ပွေ့ လိုက်သည်။
"ဘာ...ဘာလုပ်နေတာလဲ"
သူက တစ်ကိုယ်လုံး ချွေးတွေ ရွှဲနေတာလေ...
"ရေချိုးခန်း"
ယင်းက အကြီးကြီးဖြစ်ပြီး လူနှစ်ယောက်ရေချိုးနိုင်လေသည်။
"..."
ဒီလူ လက်တွေ့အသုံးချတာ အရမ်းမြန်လွန်းမနေဘူးလား...
ထိုအချိန်တွင်၊သာ့ပိုင်းက ၎င်း၏ အသစ်ရရှိထားသော ကြောင်သစ်ပင်ပေါ်တွင် ပျော်ရွှင်စွာ တက်လိုက်ဆင်းလိုက် လုပ်နေသည်။
ယခုချိန်မှာ သူ့ကို ဘယ်သူမှ ဂရုမစိုက်ဘူးဆိုလျှင်ပင် သူ့အတွက်ပျင်းစရာရှိမနေ။
***
အိမ်အသစ်တွင် တစ်ညအိပ်ပြီးနောက် မြောင်ဟယ် နောက်တစ်နေ့တွင် စိတ်ခံစားချက်အသစ်ဖြင့် နိုးလာသည်။မြောင်ဟယ် ခေါင်းယမ်းပြီး မျက်နှာကို ပွတ်သပ်လိုက်သည်။ ထိုအချိန်တွင် ရန်သာ့လန်က နိုးနေပြီဖြစ်သည်။
အိပ်ယာမှထကာ အဝတ်အစားလဲပြီးနောက်တွင် ရေသန့်ဇလုံနှင့် မျက်နှာသုတ်ပုဝါများကို သူ့ဘေးနားရှိ ဗရိုအနိမ့်ပေါ်တွင် ပြင်ဆင်ထားသည်ကို မြောင်ဟယ်တွေ့လိုက်ရသည်။ခဏလောက် မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးနောက် တစ်စုံတစ်ယောက်ကို ရှာရန် အပြင်သို့ထွက်ခဲ့သည်။ ယခုအချိန်မှာ ခြံတစ်ခုလုံးကို စိတ်ကြိုက်ခြယ်လှယ်နိုင်ပြီဖြစ်၍ မြောင်ဟယ်မစောင့်နိုင်တော့ပေ။
အိမ်ဆောက်ရန်အတွက် သည်မတိုင်ခင်နှင့်နောက်ပိုင်းကုန်ကျစရိတ်က 26၊27တေးခန့်ဖြစ်သည်။မူလစီစဉ်ထား သော တေးနှစ်ဆယ်ထက် များစွာပိုလေသည်။ချွီလောင်က အနာဂတ်မှာ သူတို့ဘာသာသူတို့ ရေခဲလုပ်၍ရအောင် သူတို့အတွက် ယမ်းစိမ်းတွေ ခွဲဝေပေးမည်ဟု ကတိပေးသည့်အတွက် မြောင်ဟယ် မနေနိုင်ဘဲ နောက်ထပ် ငါးတေးခြောက်တေးလောက် ကုန်ကျသည့် အပြာရောင်အုတ်မြေအောက်ခန်းကို ထပ်ထည့်ခဲ့သည်။ကံကောင်းထောက်မစွာ၊ ဟင်းသီးဟင်းရွက်နောက်အသုတ်အတွက် ပိုက်ဆံက သူ့အိတ်ထဲရောက်လာသဖြင့် အပိုကုန်ကျစရိတ်ပေးရန် နောင်တမရခဲ့ပါချေ။
YOU ARE READING
ကောငယ်လေး၏စတိုရီ( မြောင်ဟယ် + ရန်သာ့လန်)
General FictionDESCRIPTION April 28, 2024 Title - Little Ger, Slow life in Another World Description 💥 အခြားကမ္ဘာတွင် ကော လေးတစ်ဉီးဖြစ်လာခဲ့ပြီးနောက် ဘဝကို အေးအေးဆေးဆေးဖြတ်သန်းခြင်း... မြောင်ဟယ်သည် ကော တစ်ဉီး ဖြစ်လာခဲ့သည်။ သူက ငယ်ရွယ်ထင်ရှားသော လူငယ်တစ်ဉီးနှင့်...