Chapter 9
April 25, 2024
🧝Chapter 9မြောင်ဟယ်သည် ကြောင်များက ဆလတ်ရွက်များကိုစားမစားမသေချာခဲ့သေည်လည်း ၄င်းမှာ ထိပ်တန်းအရည်အသွေးရှိသော အရွက်များဖြစ်၍လားမသိ
ကြောင်ကလေးမှာသူ၏ရှေ့မှ လတ်လတ်ဆတ်ဆတ်ဆလတ်ရွက်အားတရှုံ့ရှုံ့အနံ့ခံကြည့်ပြီးနောက်
ပျော်ပျော်ရွှင်ရွှင်ပင် စ၀ါးတော့သည်။
ညနေခင်းအချိန်တွင်တစ်စုံတစ်ယောက်က တံခါး၀မှလှမ်း၍အော်လာသော် ရုတ်တရက်မို့ မြောင်ဟယ်အနည်းငယ်ပင်လန့်သွားခဲ့ရသည်။
အာ..ကြည့်ရတာ မူလကိုယ်ရဲ့အမေထင်တယ်
"အစ်ကိုဟယ် ရှိနေလား၊ အားနျန်ရယ် လာလည်တယ်"
တစ်ဦးအိမ်သို့တစ်ဦးလာလည်သည်ကပုံမှန်ကိစ္စပင်ဖြစ်သော်လည်း နှစ်ဦးနှစ်ဖက်လုံး၏ယောက္ခမများကတော့ အိမ်ကိုလာလည်နိုင်ခြင်းမရှိချေ။ အကြောင်းမှာ သူတို့ကအိမ်ထောင်ရှိအမျိုးသမီးများဖြစ်သလို သူများအိမ်ထောင်ရေးကိုလည်း ၀င်စွပ်ဖက်၍မရသောကြောင့်ဖြစ်သည်။
မြောင်ဟယ် မည်သည့်မတော်တဆမျိုးကိုမှမဖြစ်စေလို၍ နောက်ဖေးကွက်လပ်ကိုသေချာရှင်းလင်းပြီးမှသာ အိမ်ရှေ့သို့အသာထွက်သွားလိုက်သည်။
အိမ်ထောင်မပြုခင်ကလီကျောက်တိဟုခေါ်သော မြောင်ဟယ်နျန်နှင့် ဒေါ်လေးကျောက်တို့မှာ တံခါး၀တွင်ရပ်နေခဲ့ကြသည်။
တံခါးကိုဖွင့်ဖွင့်ချင်းတွင် မြောင်ဟယ်ခံစားလိုက်ရသည်မှာ မြောင်ဟယ်နျန်၏သူ၏တစ်ကိုယ်လုံးကိုအစုန်အဆန်စစ်ဆေးနေသည့်လေဆာမျက်လုံးများပင်၊ ထိုကဲ့သို့ ခပ်ရိုင်းရိုင်းအပြုအမူမျိုးကိုမျက်တောင်တစ်ချက်လေးမှမခတ်ပဲပြုမူသွားပြီးနောက် မပြောမဆိုနှင့်ပင် သူ၏ဘေးမှပင်ဖြတ်၍အိမ်ထဲကို၀င်သွားခဲ့သည်။ သူ့အားတစက်လေးမှခွင့်တောင်းခြင်းမရှိပဲ နောက်ဖေးကွက်လပ်တွင်ခြေချလျက် မကျေမနပ်လေသံဖြင့်ပင်ဆိုလာခဲ့သည်။
YOU ARE READING
ကောငယ်လေး၏စတိုရီ( မြောင်ဟယ် + ရန်သာ့လန်)
General FictionDESCRIPTION April 28, 2024 Title - Little Ger, Slow life in Another World Description 💥 အခြားကမ္ဘာတွင် ကော လေးတစ်ဉီးဖြစ်လာခဲ့ပြီးနောက် ဘဝကို အေးအေးဆေးဆေးဖြတ်သန်းခြင်း... မြောင်ဟယ်သည် ကော တစ်ဉီး ဖြစ်လာခဲ့သည်။ သူက ငယ်ရွယ်ထင်ရှားသော လူငယ်တစ်ဉီးနှင့်...