EP 2

2.1K 88 2
                                    

Unicode version

နေနေ ။ ICU ခန်းထဲက အသက်ကိုငေးကညြ့်နေသည်။ အသက်မထွက်သေးတာပဲ ရှိမည်။မည်မျှနာကျင်နေမည်ဆိုတာ သူ ခံစားပေးလို့တော့ရမည်မဟုတ်။

ဂျာမဏီကိုသွားပြီးလာရင်အသက်ရှင်နေဖို့ သူမျှော်လင့်နေမိသည်။ အပြစ်မရှိသူ အသက်က ယခုလို ခံစားနေမသင့်ဘူး. အသက်ကိုမြင်ရင်ထိုညီအမနှစ်ယောက်ကို နည်းနည်းလေးမှ ခွင့်မလွတ်ပေးနိုင်ပါ။

တစ်ယောက်ကတော့သေသွားပြီဆိုပေမယ့်တစ်ယောက်ကတော့ သူ့လက်ထဲမှာပါ။ အသက်ခံစားရတာနဲ့ညီမျှအောင်နင်းချေပြစ်ဖို့တွေးထားပြီးပါပြီ။ တန်ရာတန်ကြေးဆိုတာပြန်ယူသင့်တယ်မဟုတ်လား။

ထို့နောက်တော့ ထိုနေရာကလှည့်ထွက်ခဲ့သည်. သူနားနေရာ ဘန်ကလိုပြန်ရောက်ချိန်မှာတော့ တိုက်ဆိုင်စွာပဲ အခန်းထဲကနေ ထွက်လာသည့်သွန်းခက်။ 

သူ့ကိုမြင်တော့ မျက်မှောင်တစ်ချက်ကုတ်သွားသည်. မမြင်ဖူးသည့်သူတွေမဟုတ်လား။နေနေ တချက်သာ လှမ်းကြည့်သည်။

အခန်းတံခါးရှေ့မှာရပ်နေသည့်တိုင်နေကမ္ဘာသူ့ကိုမည်သည့်စကားတစ်ခှန်းမျ မပြောပါ။ ဧည့်ခန်းထဲမှာ ထိုင်ပြီးလာချပေးသောရေတစ်ခှက်ကိုသာ လှမ်းယူသည်.

ထိုအခါ
"ရှင်ဘယ်သူလဲ ဘာလို့ကျွန်မကိုအခုလိုလုပ်ခဲ့တာလဲ"

နေနေ လှည့်ပင်မကြည့်.

'မင်းကိုယ်မင်းဘာဖြစ်ထားလဲ သိပြီးပြီ မဟုတ်လား၊ မင်းဘယ်လိုအဆင့် ဆိုတာ သိမှာပါ'

ထို့နောက်တော့ ထရပ်ပြီး သူမ အနားကိုလျှောက်လာသည်။ ခက်သည်လဲ အနောက်ကို အမြန်ဆုတ်လိုက်ရသည်။ သို့သော်သူက ပို၌ တိုးကပ်လာကာ သူမနဲ့ တစ်ပေပင်မရှိတော့သည့်အကွာအဝေးအရောက်

"ငါကနေကမ္ဘာ၊ အသက်ရဲ့အကိုကြီးတစ်ယောက်လိုတည်ရှိနေတဲ့သူ။ မင်းကြောင့်ငါ့ညီမ ဘာဖြစ်သွားလဲ မင်းသိထားပြီးပြီဆိုတော့ အဲဒီ တန်ကြေးကို မင်းဆီကနေ ပြန်တောင်းမယ်

ဒီနေ့ကနေ‌ေရှ့ကို ငါ့ရဲ့ကျွန်တစ်ယောက်လိုနေထိုင်ရမယ်၊ ငါမင်းကို လုပ်ချင်သလို လုပ်မှာ ဖြစ်တဲ့အတွက်မင်းဘက်ကအမြဲတမ်းအဆင်သင့်ဖြစ်နေအောင်ပြင်ဆင်ထားပါ

အတ္တတဖန်နောင်တ(GL)Where stories live. Discover now