EP 21

1.2K 83 9
                                    

#baby လေးတို့ ဘာတို့က စိတ်အခြေအနေပေါ်မူတည်ပါတယ်။ဗြဲ ဟဲ ဟဲ😄

Unicode Version

"အစားပုံမှန်စား၊ အိပ်ရေးဝအောင်အိပ်၊ ကျန်းမာရင် ဆေးရုံဘယ်တက်ရမလဲ၊ သားဖွားမီးယက် ဆရာမ ပြောသွားတာ မှတ်ထားတယ် မဟုတ်လား"

ဆေးရုံရဲ့ ICU ထဲက ထွက်လာခဲ့သည်မှာ ၃-၄ ရက် ခန့်တော့ရှိမည်။ သတိလစ်သွား လို့ ဆေးရုံပို့ထားရတယ် လို့‌ပြောပါသည်။

ဓမ္မတာ မမှန်လို့ ဟု ဆိုသည်။ သူမ သတိ မထား မိခဲ့ပေ။ ဆရာဝန် ပြောမှ အဲဒီကိစ္စကို အာရုံစိုက်မိသည်။ ကိုကြည်သာ ပြောစကား ကို ခေါင်းညိတ်ပြီးနားထောင်သည်။

"မနက်ဖန်တော့ အိမ်ပြန်ကြမယ်၊ ကျန်းမာရေး ကို ကိုကိုယ်တိုင် ဂရုစိုက်ရ တာ၊ ခက် အရမ်းပိန်နေတာ သိပေမယ့် ခက် ရဲ့စိတ်အခြေအနေ ကြောင့်လို့ပဲ ထင်တာ။

နေမကောင်းဖြစ်နေတာကို အကို တကယ် သတိမထားမိဘူး"

သူမ သတိမေ့ပြီး ဆေးရုံတက်ရတာ ကို သး့အပြစ်လို့ ခံယူနေသလိုပဲ။ သူမတို့က စေ့စပ် ထားရုံပါ၊ အဲဒီလောက်ထိ နီးစပ်နေသူ တွေ မဟုတ်ဘူး။

"ကျန်းမာတဲ့အချိန်မှ ရန်ကုန် လိုက်ခဲ့ တော့။ အကို ဒီအပတ်ထဲ အလုပ်ကိစ္စနဲ့ ခရီးထွက်မှာ"

သွန်းခက်က ခေါင်းညိတ်ပြီး မော့ကြည့် သည်။

"ဟုတ်ကဲ့ ကိုကြည်သာ"

ကြည်သာဦး။သက်ပြင်းချမိသည်။ ကလေးပျက်ကျ ထားတာ သိရင် ဘယ်လောက်ထိ စိတ်ထိခိုက် မလဲ။ Heaven ရဲ့ နောက်ကွယ် က လုပ်ငန်းတွေကို သူဖော်ထုတ်ပစ်ချင်ပြီ။

ဘယ်သူက ခက်ကို အခုလို ဖြစ်စေတာလဲ။ သူ့ညီမရဲ့ သေစေခဲ့သူတွေပဲလား။ ဒါမှမဟုတ် ဦးသူရိန်အောင်ရဲ့ သား ဆိုတဲ့ သူလား။
ခက်တာက အဲဒီလူကို တကြိမ်မှ မမြင်ဖူးခြင်းပင်။ ဘယ်လိုလူ။ ဘယ်လို အကျင့်စရိုက် ဆိုတာထက် တခြား သုံးယောက် ပင် အခုတော့ ပျောက်ခြင်းမလှ ပျောက် နေသည်။

လျို့ဝှက်နေရာ ဆိုတာကလဲ အနားမကပ်နိုင် မှန်းသူသိထားသည်။ security ကောင်းလွန်း၍ သဘာဝနည်းလမ်းကို သုံးနေသည့် တိုင် ယခုထိ အဖြေမရှိသေး။

အတ္တတဖန်နောင်တ(GL)Where stories live. Discover now