EP 31

1.2K 72 5
                                    

Unicode Version

အလင်းရောင်မဲ့နေသည့် အခန်းတွင်းသို့ သဘာဝအတိုင်းထွန်းလင်းနေသည့် လရောက် တမျိုးထဲကသာ မှန်တံခါးမှတဆင့် အိပ်ရာပေါ် အလင်းရောင်ပေးနေသည်။

သူ့လက်မောင်းကို ခေါင်းအုံးလျက် အိပ်ပျော်နေသူ သူမရဲ့ မျက်နှာပေါ်သို့ အလင်းရောင် မကျရောက်စေရန် သူ့ဘက်ကို ဆွဲလှည့်ပြီးပွေ့ဖက်ထားသည်။

မနက်ဖန်ပဲ မင်္ဂလာပွဲ ရောက်ပြီ။ တဆက်ထဲ အန္တရာယ်များတဲ့ စိန်ခေါ်မှုလဲ ရောက်ရှိ လာလိမ့်မည်။

မည်သူတွေ မည်သို့ ယူဆထားပါစေ၊ နေကမ္ဘာရင်ထဲမှာ ပူလောင်နေသည်။ အသက်ရူသံမှန်မှန်နှင့် အိပ်ပျော်နေသူ သူမ၊ မထိခိုက် စေရန် သူတာဝန်ရှိသည်။

အားလုံးပြီးဆုံးသွားသည့် တိုင် သိခွင့်ပေးမည် မဟုတ်။ ထို့နည်းတူ သူကိုယ်တိုင် စွန့်စား ဖို့ကလွဲရင် နည်းလမ်းမရှိပါ။

သက်ပြင်းချပြီး သူမ နဖူးကို နမ်းသည်။
မင်းကို မထိခိုက်စေရဘူး။

ကိုယ် ကာကွယ်ပေးမယ်။

"သခင်လေး"

အပြင်ဘက်က ခေါ်သံတိုးတိုး‌ကြောင့် ခေါင်းထောင် သွားသည်။ သူမ ‌ဦးခေါင်းအောက်မှ လက်ကို ဖြေးဖြေးချင်း ဆွဲထုတ်ပြီး နောက် ကုတင်ပေါ်မှဆင်းကာ အခန်းထဲက ထွက်လာ ခဲ့တော့ သည်။

အခန်းထဲက ထွက်လာတော့ သူလုပ်‌ဆောင်မယ့် ကိစ္စမှာပါဝင်မည့် သူများအဆင်သင့်ရှိနေသည်။ အိမ်ရှေ့ကွင်းပြင်ထဲ ထွက်လာ သည်။

"သူတို့ ဝင်လာအောင် လမ်းဖွင့်ပေးရုံပဲ၊ သတို့သမီးကိုပဲ အပြည့်အဝ ကာကွယ်ပေးရင် ရပြီ"

"ဟုတ်ကဲ့"

နေကမ္ဘာ ခေါင်းညိတ်ပြီး

"နီကိုဘက်ကကော"

"အားလုံးအဆင်သင့်ဖြစ်ပါပြီ"

"ဒါဆိုရင် နေရာယူလိုက်ကြတော့"

ထို့နောက် ထိုလူတစ်စု ထွက်သွားသည့် အတွက် သူ သက်ပြင်းချသည်။ ရင်လေးနေသည်။ မနက်ဖန်က အားလုံးရဲ့အဆုံးသတ်ပဲ။

သူနေသည့် Villa ကို ငေးကြည့်ရင်း ရှေ့ဆက်ရန် အားတင်းထားတော့ သည်။

အတ္တတဖန်နောင်တ(GL)Where stories live. Discover now