EP 14

1.5K 94 6
                                    

#ချစ်သွားကြတာဟုတ်ရဲ့လား၊ ကမ္ဘာက ချစ်ကြောင်းမှ မပြောသေးတာ😝။

Unicode Version

နေကမ္ဘာ။

မျက်ဝန်းများဖိပိတ်လျက် အိပ်မောကျနေသူ သူမကို ‌တစောင်းအိပ်ရင်း ငေးကြည့်နေသည်။ ယခုလို ချစ်တင်းနှောပြီးသည်ကို အခြေအနေက မတူ။ နှစ်ဦးနှစ်ဖက် သဘောတူ ပြီး အတူတူနေသည်နှင့် သူ့ဆန္ဒပြည့်ဖိူ့ရန် အတူတူနေသည်က။

သူမရဲ့ ဖူး‌ယောင်လုလု နူတ်ခမ်းလေးဆီသို့ လက်ဖျားဖြင့် အသာတို့ထိ ကြည့်ရင်း သူစွဲမက် သွားသည့် နူတ်ခမ်းလေး ယခုတော့ ဖူးယောင်‌နေပြီလား

နေကမ္ဘာရဲ့ မလှမ်းဖူးသော ခြေလှမ်းကို အစပျိုးလိုက်သည့်နောက် မလုပ်သင့်သည့် အလုပ်ကိုလဲ လုပ်လိုက်ခြင်းဖြစ်သည်။

တပါးသူရဲ့ သတို့သမီး မဟုတ်လား။ ထိုထက် Heaven ကို အချောင်နှိုက်ချင်နေတဲ့ သူရဲ့ သတို့သမီးဆိုလဲမမှားပေ။

ဆွဲဆောင်နေတယ်ဆိုတာ ထက်၊ တဖက်က သူ့အပေါ်စိတ်မရှိဘဲ ဘယ်လိုမှ ညွှတ်ကျလာ မည်မဟုတ်။

ကြည်သာဦးဆိုတာ သူ့ရဲ့ လျို့ဝှက်နေရာအထိပါ လောဘတက်နေသူ ဆိုတော့၊

‌ေ‌ဇာ်ဇော်အောင်ရဲ့ နောက်ကွယ်ကလူ။ သို့ပေမယ့် သူမနဲ့တော့ လားလားမှ မသက်ဆိုင်။ သူမ ပါဝင်ပတ်သက်နေမလား ဆိုတာ သူစောင့်ကြည့်နေပြီးသား ဖြစ်သည်။

ထိုရလဒ်ကြောင့် သူတို့ အချင်းချင်း နားလည်လက်ခံထားကြပြီ။ သူမနူတ်က ချစ်ကြောင်းဖွင့်ပြောခဲ့ သည်။ ဒါကလဲ သူဖြစ်ချင်ခဲ့တာ မဟုတ်လား။

ငေးကြည့်ရင်းက သူမနားတိုးကပ်ပြီး နဖူးကို ဖိကပ်နမ်းလိုက်သည်။ ယခုလို နမ်းတိုင်း နေကမ္ဘာရဲ့ နှလုံးသားက အေးချမ်းသွားတက် သည်။

ထို့နောက် သူမကို အသာပွေ့ဖက်ထားရင်း ပြုံးမိသည်က ဒီအိပ်ရာပေါ် ပြန်ရောက်ဖို့က အချိန်အများကြီးကုန်ခဲ့ကြတယ် မဟုတ်လား၊

ပထမဆုံးသူမန‌ှင့် နှစ်ဦးသဘောတူ ချစ်တင်းနှောသလို ပထမဆုံးလဲ သူမကို ချစ်တင်းနှောပြီး ပြုစုပေးခဲ့ခြင်းပင်။

အတ္တတဖန်နောင်တ(GL)Where stories live. Discover now