EP 29

1.4K 72 10
                                    

Unicode Version

ဦးသူရိန်အောင် သက်ပြင်းချလိုက် တော့ သည်။ မိန်းကလေးတစ်ယောက်ကို ခေါ်လာပြီး လက်ထပ်ချင်တယ် ဆိုတာထက် တဖက် မိန်းကလေးက တစ်စုံတစ်ယောက်နဲ့ စေ့စပ်ထားသူ မဟုတ်လား။

ထို့ကြောင့် နေကမ္ဘာကို သူ့ရဲ့ စာကြည့်ခန်းထဲ သီးသန့် ခေါ်တွေ့သည်။ ဒီမိန်းကလေးကြောင့် သေလုမျောပါးဒဏ်ရာ ရသည်။ ဒီမိန်းကလေးကြောင့်ပဲ အရက်သမားတပိုင်း ဖြစ်ခဲ့ရသည်။

ယခုလဲ သူမကို လက်ထပ်ချင်သည်။ ပထမတကြိမ်ကတော့ ဦးသူရိန်အောင် နားလည်ပေးနိုင်ပေမယ့် နေနေကို ထိခိုက်လာချိန်မှာတော့ သွန်းခက်ကို သူလက်မခံနိုင်တော့ပေ။

ညီအမနှစ်ယောက်လုံးက သူ့ရဲ့ ကလေးတွေကို ထိခိုက်နစ်နာစေခဲ့သည်။ နောက်ထပ်လဲ မဖြစ်လာနိုင်ဘူးလို့ မပြောနိုင်ပေ။

"နေနေ၊ သေချာစဉ်းစားပြီးပြီလား"

နေကမ္ဘာ ခေါင်းညိတ်သည်။ ဦးသူရိန်အောင်က

"နေနေက မိန်းကလေးဆိုတာကော ကိုယ့်သူကို လက်ခံနိုင်သေးရဲ့လား"

သူ့ရဲ့ အားနည်းချက်ပါ။ သူ့ရဲ့လျို့ဝှက်ချက်ကို သိသွားတဲ့သူကတော့ ရွံစရာလို့ မြင်မှာပင်။ ယောက်ျားယောင်ဆောင်ထား သည် ဟု ရူတ်ချမည် ဆိုသည်ထက်

သွန်းခက်ကိုပါထိခိုက်လာနိုင်သည်။

သို့သော်။ သူ့ရဲ့နှလုံးသားကတော့ အားလုံးကို Neglect လုပ်ထားနိုင်သည်။

"ကျွန်တော်.... သူ့ကိုပိုင်ဆိုင်ချင်တယ်"

ဦးသူရိန်အောင်သူ့ကို သေသေချာချာ သတိထား ကြည့်နေသည်။ မျက်ဝန်းတွေက တည်ငြိမ်နေပြီး ဆုံးဖြတ်ချက် ကို ချပြီးနေ ပြီဆိုတာ သိလိုက်ရတော့

"လက်ထပ်ပြီးရင် ကောင်းကောင်းဆိုးဆိုး နေနေပဲ ခံစားရမှာ၊ ဖေဖေကတော့ သေချာစဉ်းစားစေချင်ခဲ့တယ်၊

ဒါပေမယ့် နေနေရဲ့ ဆုံးဖြတ်ချက်ကို ဖေဖေ မတားဆီးနိုင်ပါဘူး၊"

"ရက်ကိုသတ်မှတ်လိုက်ကြမယ်၊ ကလေးမ လေးကော"

"အသက်ခေါ်သွားမယ်ပြောတယ်၊ပြီးတော့ ကျွန်တော် လက်ထပ်ပြီးရင် သူနဲ့ အေးအေးဆေးဆေးပဲ နေချင်တယ်"

အတ္တတဖန်နောင်တ(GL)Where stories live. Discover now