EP 9

1.4K 89 5
                                    

Unicode Version

ဇော်ဇော်အောင်။

နေကမ္ဘာ သီးသန့်ခေါ်တွေ့သည်။ မြေအောက် အချုပ်ခန်း ထဲကနေ စစ်ဆေးသည့် အခန်းနှင့် ကပ်လျက် နားနေခန်းတွင် ဖြစ်သည်။

နေကမ္ဘာက ဇော်ဇော်အောင်ရဲ့ နောက်ခံ ဘက်ဂရောင်း အပြည့်အစုံပါသည့် ဖိုင်တွဲ မှ အချက်အလက်များကို ဖတ်နေသည်။

သူ့ရှေ့မှာငြိမ်ပြီးထိုင်နေသည်။

"ကျွန်တော့်ကို သက်ညာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

နေကမ္ဘာ တိတ်ဆိတ်နေလျက်။ 

ဇော်ဇော်အောင် သက်ပြင်းချနေသည်။ နေကမ္ဘာက အချိန်အတော်ကြာတော့မှ

"ငါ့ထင်မြင်ချက်အရတော့ မင်း သူ့ကိုလွတ်မြောက်စေချင်လို့ ကူညီတာထက် သူ့ကိုသေစေချင်နေတယ်ဆိုတာ ပိုပြီးပေါ်လွင်နေတယ်"

ဇော်ဇော် အောင် ခေါင်းငုံ့သွားသည်။

"ဒီဝန်းထဲက လွတ်မြောက်သွားရင် ဖြစ်လာမယ့် အကျိုးဆက်က ငါတို့ရဲ့ လျို့ဝှက်တည် ရှိနေမှုကို ဖော်ထုတ်လိုက်သလို ဖြစ်နိုင်ပေမယ့်

သူဒဏ်ရာ ရထားတဲ့အတွက် ဝေးဝေးမှ မပြေးနိုင်တာ၊ ဒီတော့ ထွက်ပြေးတာ မှန်ရင် မကြာခင်ပြန်ဖမ်းမိမယ်။

ဖမ်းမိပြီဆိုတာနဲ့ အသတ်ခံရမယ်"

"မင်းပြောကြည့် ဘာကြောင့် တံခါးဖွင့်ပေးတာလဲ"

ဇော်ဇော်အောင် က အသက်ဝဝရူပြီး သူ့ကို မော့ ကြည့်သည်။ နေကမ္ဘာ လက်ပိုက်ပြီး တက်ကလိမ်ချိတ်ထိုင်နေသည်။

"ကျွန်တော်ကိုယ်တိုင် ဘာလို့ အဲဒီလို လုပ်မိလဲ မသိတော့ဘူး၊

သူ့ကို သခင်လေးအနားမှာ ရှိနေတာ မမြင်ချင်တာလဲ ဖြစ်နိုင်တယ်။ အဲဒီအချိန်ကျွန်တော် တွေးထားခဲ့တာက ဝန်းထဲမှာ သူမ ရှိနေတာကို ကျွန်တော်  မကြိုက်လို့ပဲ"

နေကမ္ဘာ ရယ်မိသည်။

"မင်းငါ့ကို သဝန်တိုနေတာလား၊"

"ဗျာ"

"ဒါမှမဟုတ်၊ ငါ့ကိုကြိတ်ခရက်စ် နေတာလား"

ဇော်ဇော်အောင် ငြိမ်သွားသည်။ နေကမ္ဘာက

"မင်းသဘောကျရင်တော့ သွန်းခက် နေရာမှာ မင်းနေလို့ရပါတယ်၊ ဒါပေမယ့်"

အတ္တတဖန်နောင်တ(GL)Where stories live. Discover now