Unicode Version
သူမ မီးဖိုခန်းမှာ ထမင်းကြမ်း အကျန်များ ကို ချေပြီး ကြက်ဉနှင့် မွှေကြော်ကြော်သည်။ ပန်းဂေါ်ဖီနှင့် ခါကြက်ဉ အနည်းငယ်နှင့် ပဲသီး နဲနဲ ထည့် သည်။
တညလုံးအိပ်မပျော်၍ စောစော ထပြီး မနက်စာ ပြင်ဆင်နေခြင်းဖြစ်သည်။ ထမင်းကြော် ကို ကြွေလက်ကိုင် ဒယ်အိုးထဲတွင် မီးအရှိန် လျော့ပြီး ထားသည်။
နောက်ထပ် ငရုပ်သီးစိမ်းကိုကြက်သွန်ဖြူနှင့် ထောင်းသည်။ ဆီစမ်းပြီးနောက်။ မနက် ခင်း အတွက် နွားနို့ ဖျော်ရန် ပြင်ဆင်နေချိန်
"ဘာတွေလုပ်နေတာလဲ"
"အမေ့"
"ခလွမ်း"
သူမ နားအနား သို့ တိုးကပ် မေးလာသည့် အတွက် သွန်းခက် တုန်ရီကာ လက်ထဲမှ ဖန်ခွက်လွတ်သွား တော့ သည်။ ဟန်ချက်ညီညီ ရပ်နေရာမှ ယိုင်သွား၍ ခုံကို ချက်ချင်း အမှီယူလိုက်သည်။
နေကမ္ဘာက သူမပုံစံကို ကြည့်ပြီး
"ဘာဖြစ်နေတာလား၊ သတိလေး ဘာလေး ထားပါအုံး၊အဲတာထားလိုက်အရင် စားဖို့လုပ်မယ် နောက်မှသိမ်း"
ဟုတ်တယ်။ သူမ သတိလက်လွတ်ဖြစ်နေတာ ပဲ။ ဒါနဲ့ သူကကော ဘာလို့ အနီးကပ်ကြီး စကားလာပြောရတာလဲ
"ထမင်းကြော်လား၊"
"အင်း"
သွန်းခက် ဟန်ကို့ဖို့ပြီး ချိုင်းထောက်လှမ်းယူ ကာ ငြိမ်ငြိမ် ရပ်လိုက်သည်။
ယခုမှ မနက် ခြောက်နာရီပဲ ရှိသေးတာ။ သူကကော ဘာလို့ အစော ထလာတာလဲ။ နေကမ္ဘာက
"မင်း လမ်းလျောက်ဖို့ သိပ်မလွယ်ဘူးဆိုတာ သိပေမယ့် နောက်ဆိုရင် ငါက သိပ်ပြီး အားမှာ မဟုတ်ဘူး၊
ဒီနေ့ မင်းကို တနေရာ လိုက်ပို့ပေးမယ်၊ သွားလာ ဖို့က မင်း အတွက် အဆင်ပြေမှာပါ၊ စားပြီးရင်သွားရအောင်၊
ဒါယူသွားပေးရမလား"
"ဪ အင်း၊ ဟုတ်တယ် ယူရမှာ"
ငရုတ်သီး ပန်းကန်နှင့်ပဲပြားကြော်ပန်းကန် များ ယူသွားတော့ သွန်းခက် နွားနို့ဖျော်ပြီးသား ကိုဖန်ခွက် နှစ်လုံးယူပြီး ထည့် သည်။
YOU ARE READING
အတ္တတဖန်နောင်တ(GL)
Romance*လူတစ်ယောက်ရဲ့ အတ္တနဲ့ နောင်တ ယှဉ်တွဲ မှုကနေ အချစ်ဆိုတာ ဖြစ်ပေါ်လာခဲ့ပါတယ်* Own Creation. by Lacuno.